十九

127 26 11
                                    

{ Unicode }

" အူဝဲ....."

တိတ်ဆိတ်နေတဲ့ညအချိန်မှာ ကျယ်လောင်စွာထွက်လာတဲ့ သမီးရဲ့ငိုသံကြောင့် ဂျီမင် အလန့်တကြား နိုးလာရလေတယ်ဒါကြောင့် ကမန်းကတန်း အိပ်ရာကထရန်ပြင်လိုက်ပေမယ့် သူ့ထပ်မြန်တဲ့ ယွန်းဂီက သမီးရဲ့ပုခက်နားရောက်သွားခဲ့ပြီဖြစ်လေတယ်

" Appa ရှိတယ်နော် သမီးလေး...."

ပုခက်ထဲမှာ ခြေကားယား လက်ကားယားနဲ့အိပ်ပျော်နေတဲ့သမီးကို လက်တစ်ဖက်နဲ့ပွေ့ချီရင်းနဲ့ပဲ ကျန်လက်တစ်ဖက်နဲ့ ခုနကတည်းက ဖျော်ထားတဲ့ နို့ဘူးကို နွေးသွားစေရန် ရေနွေးလေးစိမ်လိုက်လေတယ်

" ငါလုပ်ပေးမယ်လေ မင်းက သမီးတစ်ဖက်နဲ့ကို...."

" ရပါတယ်ကွာ ဒီလောက်ကတော့ ကိုယ်လုပ်နိုင်ပါတယ်... ပြန်အိပ် ပြန်အိပ်..."

ယွန်းဂီက အဆင်ပြေတယ်ဆိုလို့ ဂျီမင် အိပ်ရာပေါ်မှာ ပြန်လှဲနေလိုက်တယ် ။ မျက်လုံးတွေကျိန်းစက်ပြီး အိပ်ချင်‌နေပေမယ့်လည်း ချက်ချင်းပြန်အိပ်ပျော်ပဲ သမီးကိုချော့နေတဲ့ ယွန်းဂီရဲ့အသံကိုကြားနေရလေတယ်

" Appa သမီးလေးက ဗိုက်ဆာနေတာပေါ့လေ... အချစ်ကလေးက..."

အခုဆိုရင် သမီးလေးက တစ်လပြည့်တော့မယ်ဖြစ်လေတယ်ဒီအတောအတွင်း သမီးရဲ့ ဝေယျာဝစ္စမှန်သမျှ ယွန်းဂီကပဲ အကုန်သိမ်းကျုံးလုပ်ပေးလေတယ်

Eternity LoveWhere stories live. Discover now