十三

178 31 20
                                    

{ Unicode }






" ဂျီမင်ရေ ကိုယ်တို့ ဈေးဝယ်ထွက်ကြလား...."

ရေခဲသေတ္တာကိုဖွင့်ကြည့်ပြီး ဘာစားစရာမှသိပ်ရှိတော့တာကြောင့် ယွန်းဂီ မေးလိုက်မိလေတယ်

" အင်း သွားကြမယ်လေ... ငါလည်း အိမ်ထဲမှာပဲနေရတော့ နည်းနည်း ငြီးစီစီဖြစ်နေပြီ..."

" ဒါဆို အဝတ်အစားလဲလိုက်ဦး... ခနနေသွားကြမယ်...."

" အိုကေ...."

ကွာရှင်းတော့ဘူးလို့ ဆုံးဖြတ်ပြီးနောက်မှာ သူတို့ အရင်ကထပ်ပိုနီးစပ်လာကြလေတယ် ။ ဂျီမင်က ကိုယ်ဝန်ယူရန်ကြိုးစားနေတဲ့ကာလမို့လို့ အိမ်မှာပဲနားနေသလို ယွန်းဂီကလည်း အတူနေနေပေးလေတယ်

ဒါကြောင့် တစ်နေ့တစ်နေ့ အိမ်မှာ အတူတူ ချက်ပြုတ်စားသောက်ရင်း တကယ့် အိမ်ထောင်ရှင်တွေရဲ့ဘဝကိုခံစားမိနေကြတယ် ။ အခုဆိုရင်အိပ်ရင် ဂျီမင်ရဲ့အခန်းမှာဖြစ်ဖြစ် ယွန်းဂီရဲ့အခန်းမှာဖြစ်ဖြစ် အတူအိပ်ဖြစ်ကြတယ်

အတူနေတာကိုတော့ ဆရာဝန်ညွှန်ကြားတဲ့ရက်မှာသာနေဖို့ဆုံးဖြတ်ထားတာကြောင့် တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီးတော့သာ အိပ်ဖြစ်လေတယ်

ရင်က သူစိမ်းတစ်ယောက်နဲ့ နီးနီးကပ်ကပ်နေရမှာကို မကြိုက်တဲ့ ဂျီမင်က အခုတော့ ယွန်းဂီရဲ့ရင်ခွင်ထဲမှာအိပ်တာကို နေသားကျနေပြီဖြစ်လေတယ်

Eternity LoveWhere stories live. Discover now