十六

149 26 21
                                    

{ Unicode }

အိပ်ရာက နိုးတာနဲ့ ပျို့တက်လာတာကို ခံစားမိတာကြောင့် ဂျီမင် ချက်ချင်း ရေချိုးခန်းထဲ ပြေးသွားပြီး ဘေစင်ထဲမှာ အန်ချလိုက်မိတယ်

" အဆင်ပြေရဲ့လား ဂျီမင်...."

အနောက်ကနေပါလာတဲ့ ယွန်းဂီက ဂျီမင်ရဲ့ကျောကိုပွတ်သပ်ပေးရင်းမေးလာတာကို ဂျီမင် ခေါင်းငုံ့ကာအဖြေပေးလိုက်ပြီး ရေဖွင့်ချကာ ပလုတ်ကျင်းလိုက်မိတယ်

အခုဆိုရင် နေ့တိုင်း မနက်မိုးလင်းတာနဲ့ ပျို့တက်ပြီး အန်မိလေတယ်ဆရာဝန်ကတော့ ကိုယ်ဝန်နုတုန်းမှာ ဒီလိုပဲ မအီမသာဖြစ်ပြီး morning sickness ခံစားမယ် ပြောလေတယ်

ဒီဝေဒနာတွေခံစားရတော့မှသာ ကိုယ်ဝန်ဆောင်တာ ခက်ခဲပင်ပန်းတယ်ဆိုတာ ဂျီမင် လက်ခံမိလေတယ်သို့သော်လည်း ဒါဟာ သူ့ရဲ့ရင်သွေးလေးကြောင့် ဖြစ်တဲ့ဝေဒနာဖြစ်တဲ့အတွက်ကြောင့် ဂျီမင် ခံနိုင်ရည်ရှိအောင် ကြိုးစားနေမိတယ်

အခုဆိုရင် ဂျီမင်ရဲ့ ကိုယ်ဝန်က ၃ လထဲရောက်နေပြီဖြစ်လေတယ်တစ်နေ့ တစ်နေ့ သူ့ရဲ့ဗိုက်ထဲမှာ ကလေးလေးရှင်သန်လာတာကို ခံစားရင်းနဲ့ ရလာတဲ့ဝေဒနာမှန်သမျှကို ရင်ဆိုင်နေမိလေတယ်

ဂျီမင် အိပ်ရာထဲကို ပြန်သွားတော့ ယွန်းဂီ တွဲပြီး လိုက်ပို့ပေးလေတယ် ။ ဂျီမင်ကို အိပ်ရာပေါ်သေချာတင်ပေးကာ စောင်ခြုံပေးပြီး ပြန်အိပ်စေလိုက်တယ်

Eternity LoveWhere stories live. Discover now