十四

167 31 18
                                    

{ Unicode }

အိပ်ရာနိုးလို့ မျက်စိပွင့်ပွင့်ချင်းမှာပဲ သူ့ရှေ့မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ယွန်းဂီ ကြောင့် ဂျီမင် ပြုံးမိသွားလေတယ် ။ နာရီကိုကြည့်လိုက်တော့ ၆ နာရီရှိနေပြီဖြစ်တာကြောင့် ဂျီမင် အိပ်ရာကနေအသာထလိုက်တယ် ။

အရင်ကတော့ အမြဲတမ်း alarm ပေးထားတတ်ပေမယ့် အခုတော့ ယွန်းဂီအတူလာအိပ်ပြီးနောက်ပိုင်း alarm ကိုပိတ်ထားလိုက်လေတယ် ။ ဂျီမင်က စောစောထပေမယ့် ယွန်းဂီက နောက်ကျမှထတတ်သူဖြစ်တာကြောင့် alarm သံနဲ့နိုးသွားမှာစိုးရိမ်လို့ဖြစ်လေတယ် ။

ထို့နောက် ယွန်းဂီရဲ့ခါးအောက်ပိုင်းနားအထိ ကျနေတဲ့ စောင်ကိုဆွဲယူကာ အသာခြုံပေးလိုက်ပြီးနောက် ကုတင်အောက်မှာ ကျနေတဲ့ အဝတ်တို့ကိုကောက်ပြီး ရေချိူးခန်းထဲဝင်ခဲ့လိုက်လေတယ် ။

မနေ့ညကလည်း သူတို့အတူနေဖြစ်ခဲ့ကြတယ်လေ ။ အခုတော့ အတူနေတာက သူတို့အတွက် ထူးဆန်းတဲ့အရာတစ်ခုမဟုတ်တော့ပေ ။ တစ်ခါတလေ ဆရာဝန်ညွှန်ကြားထားတဲ့ရက်မဟုတ်ပဲ စိတ်ပါတဲ့ရက်မှာ အတူနေဖြစ်ခဲ့ကြလေတယ် ။

တစ်ယောက်ကိုတစ်ယောက် ချစ်တယ်လို့မပြောကြပေမယ့်လည်း ဂျီမင်တို့ရဲ့ အိမ်ထောင်ရေးက အစစ်အမှန်ဖြစ်နေခဲ့ပြီဖြစ်လေတယ် ။ အခုမှပင် အိမ်ထောင်သည်ဘဝရဲ့အရသာကိုခံစားပြီး ကြင်စဦးတွေလိုခံစားနေမိတယ် ။

ဒီလိုစဉ်းစားတော့မှပဲ သူတို့လက်ထပ်တာ တစ်နှစ်တောင်ပြည့်တော့မှာပဲဆိုတာကို သတိရမိသွားခဲ့တယ် ။ အချိန်တွေကုန်တာ ဒီလောက်တောင်မြန်သွားပြီပဲ ။

အစကတော့ ၂ နှစ်ပြည့်ရင် ကွာရှင်းမယ်လို့ဆုံးဖြတ်ထားကြပေမယ့် အခုတော့ ကွာရှင်းမယ့်အစီအစဉ်ကိုဖျက်သိမ်းလိုက်ပြီး တကယ့်အိမ်ထောင်သည်အစစ်တွေဖြစ်နေပြီ ဖြစ်လေတယ် ။

အရင်ကတော့ စိတ်ချင်းသိပ်မတူတဲ့သူတို့နှစ်ယောက် အဆင်မပြေမှာ စိုးရိမ်မိပေမယ့် အခုတော့ သူတို့အိမ်ထောင်သက်တမ်းဟာ တစ်နှစ်နီးပါးတောင်ကြာခဲ့ပြီဖြစ်သလို ဘာပြသာနာမှလည်းမရှိခဲ့ပါလေ ။

Eternity LoveWhere stories live. Discover now