{ Unicode }
အိပ်ရာကနိုးနိုးချင်း နောက်ကျောဆီကနေ နွေးထွေးတဲ့ခံစားမှုကိုရလိုက်လေတယ် ။ နွေးထွေးရုံတင်မက နူးညံ့တဲ့ခံစားချက်ကြောင့် ဂျီမင် အိပ်ရာကနေမထချင်အောင်ဖြစ်သွားရလေတယ် ။
ဒါပေမယ့်လည်း နောက်ကျတဲ့အထိ မအိပ်တတ်သူပီပီ အိပ်ရာကနေထဖို့ကြိုးစားလိုက်တော့ ခေါင်းကိုက်သွားသလို အောက်ပိုင်းဆီကနေ နာကျင်မှုကိုခံစားလိုက်ရတာကြောင့် အသံခပ်တိုးတိုးငြီးလိုက်မိလေတယ် ။
" ဂျီမင် နိုးပြီလား...."
နောက်ကျောဆီက ယွန်းဂီ ရဲ့အသံကိုကြားတော့ ဂျီမင် အလန့်တကြားပင်လှည့်ကြည့်လိုက်မိလေတယ် ။
" ဟင်... မင်း ဘယ်လိုလုပ် ငါ့အိပ်ရာထဲရောက်နေတာလဲ...."
" ဟောဗျာ... သေချာလည်းကြည့်ပါဦး ဂျီမင်ရယ်... ဒါ မင်းအခန်းလား ကိုယ့်အခန်းလားလို့...."
ယွန်းဂီပြောလိုက်တော့မှ ဂျီမင်လည်း အခန်းကိုဝေ့ဝဲကြည့်မိပြီး မနေ့ကအကြောင်းအရာတွေကို ပြန်တွေးမိသွားလေတယ် ။
" ဆောရီး ငါ ရုတ်တရက်ဆိုတော့ မမှတ်မိလိုက်ဘူး...."
မနေ့ညကအကြောင်းကို ပြန်တွေးမိတော့ ဂျီမင် မျက်နှာနည်းနည်းရဲသွားလေတယ် ။
" ရပါတယ်... အခုတော့ နေလို့အဆင်ပြေရဲ့လား...."
" အင်း ပြေပါတယ်...."
ပြောသာပြောရတယ် တစ်ကိုယ်လုံးကိုက်ခဲပြီး လှုပ်ချင်စိတ်မရှိဖြစ်နေရတာကို ကိုယ့်ကိုယ်ကိုယ်သာအသိဆုံးဖြစ်လေတယ် ။