120 21 4
                                    

{ Unicode }



" ဥက္ကဠ ဒါလေးတွေလက်မှတ်ထိုးပေးပါနော်..."

အတွင်းရေးမှူးလာပေးတဲ့ ဖိုင်တွဲကို ယူကာ သေချာစစ်ဆေးလိုက်ပြီးနောက် ဂျီမင် လက်မှတ်ထိုးလိုက်တယ်

" ဒီနေ့အတွက် ဘာအစီအစဉ်တွေရှိသေးလဲ..."

" ဘာမှရှိတော့ပါဘူးရှင့်..."

ဂျီမင် နားလည်ပြီဖြစ်ကြောင်း
ခေါင်းငြိမ့်ပြလိုက်တော့ အတွင်းရေးမှူမလေးက ခေါင်းညွှတ်ပြီး အခန်းထဲကထွက်သွားလေတော့တယ်

ဂျီမင်ရဲ့တစ်နေ့တာဟာ ဒီလိုနဲ့ပဲ လည်ပတ်နေရတာပါပဲကုမ္ပဏီနဲ့အိမ် အိမ်နဲ့ကုမ္ပဏီကလွဲပြီး ဘယ်မှလည်းသွားဖြစ်သလို ဘာမှလည်း စိတ်ဝင်စားခဲ့ပေ

အခုတော့ သူ့ဘဝထဲကို သူစိမ်းတစ်ယောက် ဝင်လာခဲ့ပြီဖြစ်တယ် ။ အရင်ကတော့ အတူနေကြတဲ့ ၂ နှစ်အတွင်း ဒီအတိုင်း အေးဆေးသာနေပြီး ရင်းနှီးရန်လည်းစိတ်ကူးရှိခဲ့ပေ

အခုတော့ တ‌ဖြည်းဖြည်းနဲ့ ယွန်းဂီ နဲ့ရင်းနှီးလာခဲ့ပြီဖြစ်တယ်သူငယ်ချင်းတစ်ယောက်မှရှိတဲ့ သူ့အတွက် ယွန်းဂီက သူငယ်ချင်းတစ်ယောက်လိုခံစားစေလေတယ်

သူနဲ့စာရင် ယွန်းဂီ ကဆန့်ကျင်ဘက်ဖြစ်လေတယ်နေ့တိုင်း ယွန်းဂီကအကြောင်းအရာမျိုးစုံကိုပြောပြသလောက် ဂျီမင်ကတော့ ပြောစရာရယ်လို့ တိတိပပရှိပဲ နားထောင်သူသက်သက်သာဖြစ်လေတယ်

Eternity LoveWhere stories live. Discover now