130 30 12
                                    

{ Unicode }

မနက်အိပ်ရာထကတည်းက လူက မိုက်ခနဲတစ်ချက်ဖြစ်သွားတာကြောင့် အိပ်ရာပေါ်မှာ အသာပြန်မှေးနေလိုက်ရတယ် ။ မိနစ်အနည်းငယ်ကြာတော့မှပြန်ကြည့်လိုက်တော့ အဆင်ပြေသွားခဲ့လေတယ်

ကိုယ်ဝန်ဆောင်ရန်အတွက် ဆေးတွေသောက်ပြီးနောက်ပိုင်းမှာ ဂျီမင် အားမရှိသလိုခံစားလေတယ်တစ်ခါတလေ အခုလို အိပ်ရာထရင် မိုက်ခနဲလည်းဖြစ်သွားတတ်သေးတယ်

ဒါပေမယ့်လည်း ဂျီမင် ပြိုလဲကျပဲ အားတင်းထားနိုင်သေးတယ်ဒီလောက်လေးနဲ့ လဲကျသွားလို့တော့ဘယ်ဖြစ်ပါ့လဲ ။ သူသာလဲကျသွားရင် အလုပ်ကိစ္စတွေအကုန် ကမောက်ကမဖြစ်သွားနိုင်တယ်လေ

မျက်နှာသစ်နေရင်း မှန်ထဲကမြင်လိုက်တဲ့ မျက်နှာဟာ တော်တော်ချောင်ကျသွားတယ်ဆိုတာ သတိထားလိုက်မိတယ် ။ ဘာကိုပဲလုပ်လုပ် အားမရှိသလိုခံစားနေရသော်လည်း ရေချိုး အဝတ်အစားလဲတာကို ခပ်သွက်သွက်လုပ်ပြီး အလုပ်သွားရန်ပြင်လိုက်တယ်

သူ မနက်စာပြင်ရန် ထမင်းစားခန်းထဲဝင်လိုက်တော့ ယွန်းဂီကရောက်နေပြီဖြစ်တယ် ။ အခုတလော ယွန်းဂီက သူ့ထပ်ရင်ဦးအောင်ပြီး မနက်စာပြင်ပေးတတ်လေတယ်

" ဒီနေ့တော့ မနေ့ကတည်းက ဝယ်ထားတဲ့ ကြက်ပေါင်းလေးနဲ့ခေါက်ဆွဲပြုတ်လုပ်ထားတယ်... များများစားရမယ်နော် ဂျီမင်..."

Eternity LoveWhere stories live. Discover now