十五

151 32 17
                                    

{ Unicode }


မှန်ထဲမှာ မြင်နေရတဲ့ ဗိုက်လေးကို ကြည့်ပြီး ဂျီမင် ပြုံးလိုက်မိတယ်ဒီဗိုက်လေးရဲ့အထဲမှာ သူ့ရဲ့ကလေးလေးရှင်သန်ကြီးထွားလာ
နေတယ်ဆိုတဲ့ အတွေးက ပျော်စရာကောင်းလွန်းတယ်

" ဘာတွေသဘောကျနေတာလဲ ဂျီမင်..."

ရေချိုးပြီးထွက်လာတဲ့ ယွန်းဂီက မှန်ရှေ့မှာ ရပ်ရင်းပြုံးနေတဲ့ ဂျီမင်ကိုကြည့်ပြီးမေးလိုက်လေတယ်

" ငါ့ ဗိုက်ထဲမှာ ကလေးလေးရှိနေပြီဆိုတာ တွေးကြည့်ပြီးသဘောကျနေတာ..."

ဂျီမင် ထိုသို့ပြောလိုက်တော့ ယွန်းဂီ လည်း ဂျီမင် အနားကိုရောက်လာပြီး ဂျီမင်ရဲ့ဗိုက်လေးကို ကိုင်ကြည့်လေတယ်

" ဟုတ်ပနော်... ဒီ ဗိုက်ထဲမှာ တစ်နေ့တခြား ကြီးထွားလာမယ့် ကလေးလေးကိုတွေးကြည့်ရုံနဲ့တင် ပျော်စရာကောင်းတယ်..."

" ငါရောပဲလေ... အခုကတည်းက ကလေးက ငါနဲ့တူမလား မင်းနဲ့တူမလား ဘယ်လိုပုံလေးရှိလဲ တွေးမိပြီးတော့ ပျော်နေမိပြီ...."

မျက်လုံးလေးတွေကအစ အရောင်လက်လက်တောက်ပကာပြောနေသည့် ဂျီမင်ကိုကြည့်ပြီး ယွန်းဂီလည်း ပျော်နေမိတယ်

" အဲ့ဒါနဲ့ပဲ ရေချိုးပြီးတာကြာနေပြီကို အင်္ကျီလဲသေးပဲ နေတယ်ပေါ့လေ...တော်ကြာ ဖျားနာနေရင်ဘယ်လိုလုပ်လဲ... ဖျားရင် ကလေးကိုထိမှာမို့လို့ ဆေးလည်း သောက်လို့ရတာမဟုတ်ဘူးလေ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှပေါ့..."

Eternity LoveWhere stories live. Discover now