十七

137 24 28
                                    

{ Unicode }

မှန်ရှေ့မှာ ရပ်ပြီး အင်္ကျီတစ်ထည်ပြီးတစ်ထည်ကိုယ်မှာကပ်ကြည့်နေတဲ့ ဗိုက်ပူလေးကို ယွန်းဂီ ပြုံးပြီးတော့သာ ကြည့်နေမိလေတယ်

" ဘယ်ဟာ ငါနဲ့ပိုလိုက်လဲဟင် ယွန်းဂီ..."

" ဘာပဲဖြစ်ဖြစ်အကုန်လိုက်ပါတယ်ကွာ..."

" ဟာ... အဲ့လိုအလွယ်ဖြေနဲ့လေ..."

ယွန်းဂီ ဖြေလိုက်တာကို သဘောကျစွာနဲ့ ခြေဆောင့်နေလေတဲ့ ဂျီမင်ကြောင့် ယွန်းဂီမှာ ရယ်ချင်စိတ်ကိုထိန်းလိုက်မိလေတယ်

" ပန်းနုရောင်လေးဆို မင်းနဲ့ပိုလိုက်တယ်..."

" အိုကေ...."

ယွန်းဂီ ထိုသို့ဖြေလိုက်တော့မှသာ ဂျီမင် စိတ်ကျေနပ်သွားပြီး ပန်းနုရောင် ရှပ်အင်္ကျီကိုဝတ်လိုက်လေတယ် ။ အခုဆိုရင် ဂျီမင်ရဲ့ ကိုယ်ဝန်က ၆ လကျော်ထဲရောက်နေပြီဖြစ်လေတယ်

ဒါကြောင့် ဂျီမင်ရဲ့ဗိုက်လေးက သိသိသာသာပူထွက်လာနေခဲ့ပြီဖြစ်လေတယ်ကိုယ်ဝန်ရင့်သည်နှင့်အမျှ ဂျီမင်ရဲ့အလှကြိုက်တဲ့စိတ်တွေကလည်း ပိုတိုးလာခဲ့လေတယ်

အခုလည်းကြည့်လေ အိမ်နေရင်းဝတ်ဖို့အင်္ကျီကိုတောင် ရွေးနေရတာ သူ့မှာ ဝတ်ရတော့လည်း တီရှပ်ပွတွေ ရှပ်အင်္ကျီပွတွေကိုပဲ ဝတ်တာကိုတောင် ကို‌ဗိုက်ပူလေးဟာ သိပ်ကိုလှချင်နေတယ်လေ

Eternity LoveUnde poveștirile trăiesc. Descoperă acum