118 26 6
                                    

[ Unicode ]

" မနက်ဖြန် ညနေ အားလား ယွန်းဂီ...."

နှစ်ယောက်အတူ ညနေစာစားနေတုန်းမှာပဲ ဂျီမင်က ရုတ်တရက်ကြီးမေးလာလေတယ်

" အင်း အားပါတယ် ဘာလို့လဲ..."

" ငါ မနက်ဖြန် ညစာစားပွဲတစ်ခုတက်စရာရှိတယ် မင်းကိုပါ ခေါ်သွားချင်လို့ အဆင်ပြေလား...."

" အဆင်ပြေတာပေါ့.....လိုက်ခဲ့မယ်လေ...."

" အင်း ကျေးဇူး...."

ဒါလေးကိုတောင် ကျေးဇူးတင်စကားပြောနေတဲ့ ဂျီမင် ကို ယွန်းဂီလိုပါဘူးကွာဟု ပြန်ပြောချင်ပေမယ့်လည်း ပြန်ပြောဖြစ်တော့ပေ ။ တကယ်ဆို သူတို့နှစ်ယောက်ဟာ လက်ထပ်ထားကြသူတွေပဲလေ ယွန်းဂီ ကို ဒီလိုကိစ္စအတွက်နဲ့ ကျေးဇူးတင်စကားပြောစရာမှလိုတာပဲ

" မင်းရဲ့ထုတ်ကုန်အသစ်ဒီနေ့စထုတ်တယ်ဆို..."

" အင်း ဟုတ်တယ်... ထင်ထားတာထပ်လူကြိုက်ပိုများတယ်..."

" ကိုယ် ပြောသားပဲ... အဲ့ဒါလေးက အဆင်ပြေမှာလို့...."

သူတို့နှစ်ယောက်ကြားမှာ ရင်းနှီးလာပြီဆိုသော်လည်း ပြောစရာအကြောင်းအရာက အလုပ်အကြောင်းသာရှိလေတယ်

ယွန်းဂီက သူကြိုက်တဲ့သီချင်းတွေ ရုပ်ရှင်တွေအကြောင်း ပြောပေမယ့် ဂျီမင်ကဘာမှသိတာကြောင့် အလုပ်အကြောင်းကိုသာ ပြောဖြစ်ကြတယ်လေ

" မနက်ဖြန် မင်း အလုပ်ဆင်းချိန် ငါလာကြိုမယ် အတူသွားကြတာပေါ့...."

Eternity LoveWhere stories live. Discover now