十一

154 34 16
                                    

{ Unicode }

" ဒီနေ့စစ်ဆေးထားတဲ့ရလဒ်အရဆိုရင် ကိုယ်ဝန်ဆောင်လို့ရပါပြီ.... ကိုယ်ဝန်ဆောင်ဖို့အဆင်သင့်ဖြစ်နေပါပြီ...."

ဆရာဝန်ရဲ့စကားကြောင့် ဂျီမင်ရော ယွန်းဂီပါ ပျော်ရွှင်သွားလေတယ်ဒီလိုစကားကိုကြားဖို့ သူတို့စောင့်နေကြတာလေ ။ ဂျီမင်ရဲ့အပင်ပန်းခံကြိုးစားရသမျှတွေက အခုတော့ အရာထင်သွားခဲ့ပြီဖြစ်လေတယ်

ဒီစကားကိုကြားရန်အတွက် ဂျီမင် လနဲ့ချီပြီး ဟော်မုန်းဆေးတွေသောက်ခဲ့တာလေအလုပ်မှာ မူးလဲကျလောက်တဲ့အထိ ဒုက္ခခံခဲ့တာ အခုတော့ သူ့ရဲ့ဒုက္ခခံရကျိုးနပ်သွားပြီဖြစ်လေတယ်


ဒါကြောင့်လည်း သူတို့နှစ်ယောက် ဝမ်းသာစွာနဲ့ တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ထားလိုက်မိတယ်

" ကျေးဇူးတင်ပါတယ်‌ ဒေါက်တာ... အခုလိုအဆင်ပြေသွားတာက ဒေါက်တာ့ရဲ့လမ်းညွှန်မှုကြောင့်ပါပဲ..."

" ရပါတယ် ....ကျေးဇူးတင်လည်းစောကြပါနဲ့ဦး... အခုက ကိုယ်ဝန်ဆောင်လို့ရတဲ့အခြေအနေကိုရောက်နေပြီလို့ပဲပြော‌တာလေ ကိုယ်ဝန်သေးတာမှာမဟုတ်တာ... ကိုယ်ဝန်ဖို့ကတော့ နှစ်ယောက်လုံးအတူကြိုးစားကြမှဖြစ်မှာပါ...."

ဆရာဝန်ကထိုသို့ပြောလိုက်တော့ ခုနကလက်ကိုတွဲထားတာကိုတောင် ဖြုတ်မိသွားရအောင် နှစ်ယောက်လုံးရှက်သွားကြရတယ် ။ ဟုတ်တာပဲ ကိုယ်ဝန်ဖို့ဆိုတာ သူတို့နှစ်ယောက် အတူနေမှဖြစ်မှာလေဒီ အရေးအကြီးဆုံးအချက်ကို သူတို့နှစ်ယောက်လုံး မေ့နေမိခဲ့ကြလေတယ်

Eternity LoveWhere stories live. Discover now