161 30 17
                                    

{ Unicode }

မှန်ထဲကကိုယ့်ပုံရိပ်ကို ကိုယ်ကြည့်ပြီး ယွန်းဂီ တစ်ချက်တော့ပြုံးမိသွားတယ်အစကသူမဝတ်ချင်ပါဘူးလို့ အသည်းအသန်ငြင်းခဲ့မိတဲ့ အဝါနုရောင် အနောက်တိုင်းဝတ်စုံဟာ သူနဲ့သိပ်လိုက်ဖက်နေတယ်လေ

လက်ကနာရီကိုတစ်ချက်ကြည့်လိုက်မိတော့ အချိန်နီးကပ်နေပြီဖြစ်တာကြောင့် စိတ်တော့လှုပ်ရှားမိသွားတယ် ။ အချိန်တွေအကုန်မြန်လိုက်ပုံများ ဒီနေ့ဟာ သူနဲ့ဂျီမင်ရဲ့လက်ထပ်ပွဲနေ့တောင် ဖြစ်လာခဲ့ပြီဖြစ်တယ်

ဘယ်လိုပဲဟန်ဆောင်ကာ လက်ထပ်တယ်ဟု ဆိုဆို နှစ်ဖက်မိဘတွေက ပွဲကိုကြီးကျယ်ခမ်းနားအောင်လုပ်ပေးပြီး စီးပွားရေးအသိုင်းအဝိုင်းကလူတော်တော်များများလည်း တက်ရောက်ကြမှာဖြစ်တာကြောင့် ယွန်းဂီ နည်းနည်းစိတ်လှုပ်ရှားနေမိတယ်

" ဟာ.. ငါ မင်းကိုပြောထားတယ်လေ ဒီနေ့မရောက်လို့မဖြစ်ဘူးလို့..."

ထိုအသံကိုကြားတော့မှပဲ ဂျီမင်ကို ယွန်းဂီ သတိရမိတော့တယ်ပွဲမစသေးတာကြောင့် သူတို့နှစ်ယောက် နားနေခန်းထဲမှာထိုင်ကာစောင့်နေကြခြင်းဖြစ်တယ်...။

ယွန်းဂီကပွဲအတွက် စိတ်လှုပ်ရှားနေပေမယ့်လည်း ဂျီမင်ကတော့ ဖုန်းဆက်ရင်း အလုပ်လုပ်နေတာကြောင့် နည်းနည်းတော့စိတ်တိုသွားမိလေတယ်

" ဒီနေ့ မင်္ဂလာဆောင်ရှိလို့ကို မနေ့ကတည်းက သေချာမှာထားတာလေကွာ... အခုချက်ချင်း ဟိုဘက်ကိုဖုန်းဆက်ပြီး အချိန်အတိအကျပို့ပေးဖို့ပြောလိုက်...."

Eternity LoveWhere stories live. Discover now