十八

127 28 4
                                    

( Unicode )


" ဖြေးဖြေး ကိုယ့်လက်ကိုအားပြုပြီးထ..."

" ကျွတ် ကျွတ်..."

ပါးစပ်ကနေ တကျွတ်ကျွတ်အသံပေးကာဖြင့် ယွန်းဂီ လက်ကိုအားပြုကာ  ထလိုက်မိတယ် ။ အခုဆိုရင် ကိုယ်ဝန်က နေ့‌စေ့စေ့ ဖြစ်နေပြီဖြစ်တာကြောင့် ထရထိုင်တာ အဆင်ပြေတော့ပေ

အခုလည်း အိမ်သာက ထဖို့ကိုတောင် ယွန်းဂီရဲ့အကူအညီယူကာထရလေတယ် ။ ကလေးက ဆီးအိမ်ကို ဖိထားတာဖြစ်တဲ့အတွက်ကြောင့် အိမ်သာကိုလည်း ခနခနသွားနေရတယ်လေ

ယွန်းဂီကတော့ သူ့ကို ကိုယ်ဝန်ဆောင်သည်တွေဝတ်တဲ့ ဒိုက်ဘာ ဝတ်ရန်ပြောပေမယ့် ဂျီမင်က မနေတတ်တာကြောင့်ဝတ်ဖြစ်ပေ

ဒါကြောင့် အိမ်သာခနခနသွားတဲ့ ဒုက္ခကိုခံစားနေရတော့လေတယ်အိမ်သာကပြန်ထွက်လာပြီး ဆိုဖာမှာထိုင်တော့လည်း ဖြေးဖြေးချင်းသတိထားပြီးထိုင်လေတယ်

ကိုယ်ဝန်ရင့်လာသည်နဲ့အမျှ လူက လှုပ်ရှားသွားလာလို့ မကောင်းတော့ဘူး ဖြစ်လာလေတယ်

" လိုအပ်တဲ့ ပစ္စည်းတွေ အခုကတည်းက သေချာပြင်ထားနော် ယွန်းဂီ..."

" အင်းပါ ကိုယ်လိုတာတွေ အားလုံးထည့်ထားတယ်... အနှီးရော နို့ဘူးနဲ့ အဝတ်အစားတွေရော ထည့်ထားပြီးပြီ...."

မနက်ဖြန်ကစပြီး ဂျီမင် ဆေးရုံတက်မည်ဖြစ်တာကြောင့် ဆေးရုံယူသွားရန် လိုအပ်သည့်ပစ္စည်းတွေကို အခုကတည်းက ထည့်ထားခြင်းဖြစ်လေတယ်

Eternity LoveWhere stories live. Discover now