147 28 7
                                    

{ Unicode }


" ဒီမှာပါ အဖေကျွန်တော့်ကိုလုပ်ခိုင်းထားတဲ့ project နဲ့ပတ်သတ်တဲ့အစီရင်ခံစာ...."

အဖေက ယွန်းဂီကို တစ်ချက်ကြည့်ပြီးနောက် ယွန်းဂီ ပေးတဲ့ဖိုင်တွဲကိုယူပြီး စစ်ဆေးနေလေတယ်ပုံမှန်အချိန်ဆို ယွန်းဂီ စိတ်လှုပ်ရှားနေမှာဖြစ်ပေမယ့် အခုတော့ တည်တည်ငြိမ်ငြိမ်နဲ့ရှိနေခဲ့လေတယ်

ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ project မှာရှိနေတဲ့လိုအပ်ချက်တွေအားလုံးကို ဂျီမင်ကပြောပေးလိုက်တယ်လေထိုအချက်တွေပြင်ပြီးနောက်မှာတော့ သူ့ရဲ့ project ဟာပြီးပြည့်စုံသွားပြီဆိုတာ ယွန်းဂီ သိနေလေတယ်

" တော်တယ်...."

တစ်ခွန်းတည်း ခပ်ပြတ်ပြတ်ပြောပေမယ့် ချီးကျူးစကားဖြစ်နေတာကြောင့် ယွန်းဂီ ကျေနပ်မိသွားလေတယ် ။ အရင်ကဆိုရင်ဖေ့ဆီက ချီးကျူးစကားတစ်ခါမှကြားခဲ့ရဘူးလေလိုအပ်ချက်တွေရှိသေးတယ်ဒီလောက်လေးလုပ်နိုင်ဘူးလားဆိုတဲ့ ဆူတဲ့စကားတွေလောက်သာကြားခဲ့ရတယ် ။

" ဒီအခြေအနေအတိုင်းဆက်ကြိုးစားမယ်ဆိုရင် ဒီနှစ်မကုန်ခင် မင်းကိုငါ ကုမ္ပဏီကိုလွှဲပေးလို့ရနိုင်ပြီ... ပိုပြီးတိုးတက်လာတာပဲမြင်ချင်တယ်...."

" ဟုတ်ကဲ့ပါ အဖေ စိတ်ချပါ...."

ဖေ့ရုံးခန်းထဲက ပြန်ထွက်လာပြီးနောက်မှာတော့ ယွန်းဂီ ပျော်နေတာကြောင့် ဂျီမင်ဆီကို ဖုန်းဆက်လိုက်မိတယ်

Eternity LoveWhere stories live. Discover now