146 23 4
                                    

[ Unicode ]







တစ်ယောက်တည်း ပျင်းရိစွာဖြင့် ဧည့်ခန်းမှာထိုင်ပြီး တီဗီကြည့်နေမိခဲ့တယ်တိုင်မှာကပ်ထားတဲ့ နာရီကိုကြည့်လိုက်တော့ ည ၇ နာရီထိုးနေပြီဖြစ်တယ်သို့သော်လည်း ဂျီမင် အခုထိပြန်ရောက်သေးပေဒါကြောင့် အိမ်မှာ ယွန်းဂီ တစ်ယောက်တည်း ပျင်းရိနေခဲ့ရတယ် ။

တကယ်တော့လည်း အိမ်မှာ နှစ်ယောက်အတူရှိတာနဲ့ တစ်ယောက်တည်းရှိတဲ့အချိန်က ဘာမှကွာခြားတာမှမဟုတ်တာလေ ။ နှစ်ယောက်လုံးရှိနေရင် တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်စုံနေချိန်မှာ စကားတစ်ခွန်း နှစ်ခွန်းပြောကြတာပဲရှိတာလေ

ထိုအချိန်မှာပဲ ယွန်းဂီရဲ့ဖုန်းမြည်လာတာကြောင့် ကြည့်လိုက်တော့ နမ်ဂျွန်းဆီကဖြစ်နေခဲ့လေတယ်

* ဟဲလို...*

* ဟေ့ကောင် ဘာတွေလုပ်နေလဲ....*

* တီဗီကြည့်နေတယ် ဘာလုပ်မလို့လဲ...*

တီဗီကလည်းဖွင့်သာဖွင့်ထားသည် ဘာကြည့မှန်းသိအောင်ဖြစ်နေတာကြောင့် လိုင်းတွေတစ်လိုင်းပြီးတစ်လိုင်းပြောင်းရင်းနဲ့ နမ်ဂျွန်းကိုဖုန်းပြောနေလိုက်တယ်

* မတွေ့တာကြာလို့ပေါ့ကွာ... ဒါနဲ့ မင်းအမျိုးသားလေးရော....*

* အခုထိ အလုပ်မှာ ပြန်မလာသေးဘူး....*

* ဒါဆို ငါတို့ဆီလာခဲ့ပါလား... ငါတို့ အခုအသစ်ဖွင့်တဲ့ ဘားမှာရောက်နေတာ မိုက်တယ် ဟေ့ကောင်ရေ...*

Eternity LoveWhere stories live. Discover now