121 34 12
                                    

{ Unicode }


ဒီနေ့ ဆေးရုံသွားပြီး ဆေးစစ်မည်ဖြစ်တာကြောင့် ယွန်းဂီ စိတ်လှုပ်ရှားနေခဲ့လေတယ် ။ အရင်ကတည်းက အိမ်ထောင်ပြုမှာကို စိတ်ရှုပ်ခဲ့တာတဲ့သူက အခုဆို ကလေးအဖေတောင်ဖြစ်ရတော့မယ်လေ

ဂျီမင်နဲ့လက်ထပ်တယ်ဆိုတာကလည်း ဟန်ဆောင်လက်ထပ်တာဖြစ်တာကြောင့် ယွန်းဂီ ကျေကျေနပ်နပ်လက်ခံခဲ့ခြင်းဖြစ်တယ် ။ အခုတော့ ဟန်ဆောင်လို့မရတဲ့ ကလေးအဖေ ဘဝကိုရောက်ရှိတော့မယ်ဆိုတော့ တော်တော်လေးစိတ်လှုပ်ရှားနေမိတယ်

သို့ပေမယ့်လည်း သူငယ်ချင်းတွေထဲမှာ အိမ်ထောင်ရက်သားကျပြီး သားသမီးတွေနဲ့ပျော်နေတဲ့သူတွေကိုတွေ့ရင်တော့ ယွန်းဂီ အားကျမိခဲ့ဖူးလေတယ် ။ အခုသူကိုယ်တိုင် အဖေဖြစ်မယ်ဆိုတော့  စိတ်ထဲမှာ ပျော်သလိုဝမ်းနည်းသလို ခံစားမိနေရလေတယ်


နှစ်ယောက်အတူ ဆေးရုံကိုထွက်လာခဲ့ကြတော့ ယွန်းဂီ တစ်လမ်းလုံး စိတ်လှုပ်ရှားနေပေမယ့် ဂျီမင်ကြည့်တာတော့ တည်တည်ငြိမ်ငြိမ်ပင်ရှိနေလေတယ်


ဂျီမင်က ကြိုတင် ဘိုကင်ယူကာပြင်ဆင်ထားပြီးဖြစ်တာကြောင့် ဆေးရုံရောက်တော့ သူတို့နှစ်ယောက်ရင်ဆေးစစ်လေတယ်လိုအပ်တဲ့စစ်ဆေးချက်တွေအားလုံးလုပ်ပြီးနောက်မှာတော့ ဆရာဝန်နဲ့ဆွေးနွေးခဲ့ကြလေတယ်

Eternity LoveWhere stories live. Discover now