158 26 12
                                    

[ Unicode ]


အမြဲတမ်းအချိန်တိကျသူဖြစ်တာကြောင့်နေကျအချိန်ဆိုရင် မျက်လုံးက အလိုလိုပွင့်ကာနိုးလာရတယ် ။ အလုပ်သွားပေမယ့်လည်းပျင်းကြောတစ်ချက်ဆန့်ပြီး အိပ်ရာကနေထလိုက်တယ်

မျက်နှာသစ် သွားတိုက်ပြီးနောက် အိပ်ရာသိမ်း အဝတ်အစားလဲကာ အောက်ထပ်သို့ဆင်းလာခဲ့တယ်ထမင်းစားခန်းထဲသို့ဝင်ကာ ကော်ဖီတစ်ခွက်ကိုဖျော်ပြီး ပေါင်မုန့်နှစ်ချပ်ကိုမီးကင်လိုက်တယ်

အိမ်မှာဆိုရင်တော့ မနက်မိုးလင်းတာနဲ့ မနက်စာကအဆင်သင့်ဖြစ်နေပြီးသားလေ ။ အခုတော့ ကိုယ်တိုင်ကလည်း ဘာမှချက်တတ်တာကြောင့် လွယ်တာလဲ လုပ်လိုက်မိတယ်

ပေါင်မုန့်မီးကင်ရတော့ ကော်ဖီခွက်နဲ့အတူ အခန်းထဲကိုယူသွားလိုက်တယ်အခန်းထဲကိုဝင်ခါနီး မျက်နှာချင်းဆိုင်က အခန်းကိုတစ်ချက်တော့ကြည့်မိလိုက်သေးသည်

တိတ်ဆိတ်နေတာကြောင့် အခုထိနိုးသေးလောက်ဘူးဟုထင်ပြီး တံခါးကိုတောင် အသာလေးပိတ်လိုက်မိတယ်

စားပွဲပေါ်မှာ မနက်စာတွေကိုချလိုက်ပြီးတော့ laptop ကိုဖွင့်ကာ အလုပ်လုပ်ရန်ပြင်လိုက်တယ် ။ အခုက သူတို့နှစ်ယောက်အတွက်န်းနီးမွန်းအဖြစ် ခွင့်ယူထားတာဖြစ်သော်လည်း ဂျီမင် အလုပ်ပဲလုပ်နေမိခဲ့တယ်

Eternity LoveWhere stories live. Discover now