Unicode
ပြိုင်ပွဲပုံစံမှာ ရှုံးထွက်ပြိုင်ရသည့်ပုံစံမျိုးဖြစ်ပြီး ပြိုင်ဖက်ရွေးချယ်ရသည့် ပုံစံမှာမူ မဲနှိုက်၍ရွေးချယ်ခြင်းဖြစ်သည် ။ အနိုင်ရရှိသူ ထွက်ပေါ်လာပါက တခြားသူများက ထိုသူအား စိန်ခေါ်ပြိုင်ပွဲပြိုင်ခွင့်ရှိသည် ။ စိန်ခေါ်သူအနိုင်ရရှိခဲ့ပါက ပထမနေရာအား ထိုစိန်ခေါ်သူပိုင်ဆိုင်ခွင့်ရှိသည်။ယခင်နှစ်က မူလကိုယ်မှာ ပြိုင်ပွဲတွင်အနိုင်ရရှိခဲ့သည့်ဟယ်စစ်ယွမ်အားစိန်ခေါ်ကာ ခွေးလိုနွားလိုအရိုက်ခံခဲ့ခြင်းဖြစ်သည်...
"ငါနိုင်မယ်ထင်လား"
[ Host မနိုင်လို့မရဘူးနော် မစ်ရှင်က ပထမရဖို့နော် မဟုတ်ရင် နောက်ပြိုင်ပွဲအတွက်နှစ်တွေအများကြီးထပ်စောင့်ရလိမ့်မယ်]
"ဇာတ်လိုက်ရော ဇာတ်လိုက်မရော ငါနဲ့မတိုးစေနဲ့ နှစ်ယောက်လုံးကို ဝက်ခေါင်းပုံထွက်အောင်ရိုက်ပစ်မယ်"
[မိန်းကလေးကိုရော ရိုက်မှာပေါ့ Host လူဆိုးကောင်]
ကယ်ရီ system နှင့်စကားပြောနေစဥ် ဇာတ်လိုက်မ ပြိုင်ရသည့်အလှည့်သို့ရောက်လာခဲ့သည်။ ရွှေလက်ချောင်းများပိုင်သည့် ရွှေပေါင်လုံးကြီးကိုဖက်ထားခွင့်ရတဲ့ဇာတ်လိုက်မမှာ ဇာတ်လိုက်ပေးထားသော မှော်လက်နက်များအကူအညီဖြင့် ပြိုင်ဖက်အား တစ်ချက်တည်းနှင့်ပင်အလွယ်တကူအနိုင်ရခဲ့ကာ သူ၏ရွှေပေါင်လုံးပိုင်ရှင်မှာလည်းထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ထို့နောက် တခြားဂိုဏ်းအချင်းချင်းပြိုင်သည့်ပြိုင်ပွဲများလည်းပြီးသွားကာ အနိုင်ရသူအသီးသီးထွက်ပေါ်လာခဲ့သည်...
"နောက်ပွဲစဥ် မဟူရာဂိုဏ်းမှပိုင်ရှီရှန်းနှင့် ရွှေဖားပြုတ်ဂိုဏ်းမှရှောင်းရှောင်"
ကယ်ရီစင်ပေါ်ရောက်တော့ ပြိုင်ဖက်က သက်ပြင်းချကာ
"စင်ပေါ်မှာအကြာကြီးနေပြီး ငါ့ရဲ့အစွမ်းအစတွေကိုထုတ်ပြမလို့ပါဆို တစ်ချက်ရိုက်ရုံနဲ့လွင့်ထွက်သွားမဲ့ မင်းလိုအမှိုက်ကောင်နဲ့လာတိုးရတယ်လို့ ငါတော်တော်ကံဆိုးတာပဲ "ကယ်ရီလည်းပြုံးကာ
"ငါတစ်ခုသိချင်လို့ မေးလို့ရမလား""မေး"
YOU ARE READING
SYSTEM 286 (On going)
Randomကယ်ရီတစ်ယောက် ကလေးငယ်တစ်ဦးအားကယ်တင်ရင်း ကားမတော်တဆဖြစ်ပွားခဲ့ရာမှ System 286 နှင့်ချိတ်ဆက်မိသောအခါ..... ဒီ ficလေးမှာ ကယ်ရီတစ်ယောက် မစ်ရှင်တွေထမ်းဆောင်ရင်း ဘယ်လိုအခက်ခဲတွေ၊ပျော်ရွှင်မှုတွေကြုံတွေ့ရမလဲ နောက်ပြီးအချစ်ကိုဘယ်လိုရှာဖွေတွေ့ရှိမလဲ Title...