Arc 1.11(မင်ရှီး)

8.3K 1K 22
                                    

Zawgyi

ကျောင်းရောက်တော့ ကယ်ရီဘေးနားသို့ထူးထူးဆန်းဆန်းအတူလာထိုင်သောချင်းချိုး....

"ထိုင်လို့ရတယ်မလား....ဒီမှာ.."

"ဟုတ်..ဟုတ်.ရပါတယ်..
ဒါနဲ့လေ..မနေ့ကကိစ္စအတွက်ကျွန်တော်တောင်းပန်ပါတယ်.."

"ရပါတယ်... မင်းမနေ့ကချစ်ဖို့ကောင်းနေလို့ ခွင့်လွှတ်ပေးလိုက်ပါမယ်..
တကယ်အားနာရင်တော့..နေ့လည်စာလောက်ဝယ်ကျွေးရင်လည်းမဆိုးပါဘူး.."

"ဗျာ" ဒီဗီလိန်ကောင်စိတ်ရောမှန်သေးရဲ့လားဟ..သူ့အပေါ်အန်ချခဲ့မိတာတောင်ချစ်စရာကောင်းတယ်လို့ပြောထွက်သေးတယ်..

"ဟေး.... မိုင်ဘရားသား...
အကိုချင်းချိုး ရောရှိနေတာလား ...ခွေးကောင်..မင်းနောက်တစ်ခါဘယ်တော့မှမသောက်တော့နဲ့..ညကမင်းကိုနိုင်ကိုမနိုင်ဘူး..အကိုချင်းချိုးပါလို့တော်သေးတယ်..ငါတစ်ယောက်တည်းဆိုရင် သေမှာပဲ.."

"အဲ့တာ..မင်းတိုက်လို့ဖြစ်တာလေ..ငါမသောက်ဘူးလို့အတန်တန်ငြင်းနေတာကို..ဘာတဲ့..သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့တာဝန်အပြည့်ရှိတယ်လေးဘာလေးနဲ့ "

"အချစ်ကလည်း...ငါမင်းဒီလောက်ကြီးထိဆိုးလိမ့်မယ်မှန်းမသိလို့ပေါ့ကွ..စောတီး" ကျန်းချန် ပါးစပ်ကြီးဖြဲကာပြုံးပြသည်..

...........................

ကယ်ရီ ဒီကမ္ဘာရောက်နေသည်မှာ တစ်လခန့်ပင်ရှိတော့မည်ဖြစ်သည်..။ ချင်းချိုး နှင့်လည်း တဖြည်းဖြည်းရင်းနှီးလာခဲ့သည်..။ အခုဆိုလျှင် ကယ်ရီတွင် သူငယ်ချင်းသုံးယောက်ရှိနေပီဖြစ်သည်..ကျန်းချန်.. ဟန်ယွင်.. ချင်းချိုး.. ။ ချင်းချိုးသည်အရင်လိုမဟုတ်ဘဲ သူငယ်ချင်းတစ်ယောက်အနေနဲ့ မိမိအားအရမ်းဂရုစိုက်သည်..။ ထို့ကြောင့် မစ်ရှင်သည်လည်း အောင်မြင်မှန်းမသိ အောင်မြင်ခဲ့သည်..။ System ကတော့ ပထမ ကမ္ဘာဖြစ်တဲ့အတွက် လွယ်ကူနေတာ လို့ပြောသည်..။ အဓိကမစ်ရှစ်တွေပီးသွားသဖြင့် နောက်ကမ္ဘာသို့ပြောင်းနိုင်ပီဖြစ်သော်လည်း..System က အချိန်တွေအများကြီးရှိသဖြင့် Hidden mission ကိုရှာခိုင်းသည်..။

ကယ်ရီ အချိန်ကြည့်လိုက်တော့ ၆နာရီထိုးပီ ဖြစ်သည်..။

"အင်း...ဒီအချိန်ဆို အကိုဟန်ယွင် လာတော့မှာပဲ.."

SYSTEM 286 (On going)Where stories live. Discover now