Zawgyi
Baseသို့ရောက်သောအခါ ဂျိတ်ခ်မှကယ်ရီအား လူဝင်မှုကြီးကြပ်သည့်နေရာသို့ခေါ်သွားကာ စာရင်းပေးစေသည်
"နောက်မှမင်းကို အကိုခေါင်းဆောင်နဲ့မိတ်ဆက်ပေးမယ် အခုတော့နေရမဲ့နေရာကိုလိုက်ပြပေးမယ် "
"ကျေးဇူး ဂျိတ်ခ်"
A Base ၏တည်ဆောက်ပုံမှာရိုးရှင်းသည် Base၏ပတ်လည်တွင် လျှပ်စစ်သံဆူးကြိုးများ သုံးထပ်ခန့်ကာရံထားပြီး baseထဲရှိလူများကလည်း အလှည့်ကျကင်းစောင့်ရသည် မိမိကိုယ်ကိုကာကွယ်နိုင်စွမ်းမြင့်သူများက အနီးနားရှိမြို့များဆီသို့သွားရောက်ကာ ရိက္ခာခြောက်များစုဆောင်းရသည် ဒီနေ့ဂျိတ်ခ်တို့အဖွဲ့ရိက္ခာရှာရမည့်အလှည့်ဖြစ်သဖြင့် ထွက်လာရာ ကယ်ရီနဲ့တွေ့ဆုံခဲ့ခြင်းဖြစ်သည်
ဂျိတ်ခ်သည် ကယ်ရီအားနေရာပြပြီးသည်နှင့် ကိစ္စရှိသဖြင့်ညနေမှထပ်လာခဲ့မည်ဟုဆိုတာထွက်သွားသည်
ကယ်ရီလည်း အိတ်ထဲမှပစ္စည်းများအားနေရာချလိုက်ပြီးနောက် အခန်းထဲသို့စိတ်ပျက်နေသောအကြည့်ဖြင့်တစ်ချက်ကြည့်လိုက်ရင်း"အခန်းကလည်းကျဉ်းလိုက်တာ လက်နှစ်ဖက်ဆန့်လိုက်ရင် လက်ကနံရံနဲ့သွားထိနေပြီ ဟူးးး "
(AN- မျက်လုံးထဲမပေါ်မှာစိုးလို့ 🙂)
System: "အခန်းရတာပဲကံကောင်းတယ်မှတ် တချို့လူတွေဆိုဟောခန်းနဲ့အိပ်ရတာနော်"
"ဒါနဲ့ဇာတ်လိုက်မရော ဒီကိုရောက်နေပြီလား"
System: "ရောက်နေပြီ Host ကုသဆောင်မှာ အစကဒဏ်ရာရထားလို့ ဆေးကုနေပေမယ့် အခုကတော့ကုသဆောင်မှာပဲဆေးအကူပြန်လုပ်နေတယ်"
"အကိုက်ခံရတာလား"
System: "အကိုက်ခံရရင်ဟိုကဆေးကုပေးမလား တစ်ခါတည်းသတ်လိုက်မှာပေါ့ အခုကထွက်ပြေးရင်းနဲ့ ဇာတ်လိုက်တို့စီးလာတဲ့ကားကိုဝင်တိုးမိတာ"(ဟုတ်ကဲ့ကားကိုပြေးတိုက်တာပါ🙂)
YOU ARE READING
SYSTEM 286 (On going)
Randomကယ်ရီတစ်ယောက် ကလေးငယ်တစ်ဦးအားကယ်တင်ရင်း ကားမတော်တဆဖြစ်ပွားခဲ့ရာမှ System 286 နှင့်ချိတ်ဆက်မိသောအခါ..... ဒီ ficလေးမှာ ကယ်ရီတစ်ယောက် မစ်ရှင်တွေထမ်းဆောင်ရင်း ဘယ်လိုအခက်ခဲတွေ၊ပျော်ရွှင်မှုတွေကြုံတွေ့ရမလဲ နောက်ပြီးအချစ်ကိုဘယ်လိုရှာဖွေတွေ့ရှိမလဲ Title...