Zawgyi ~
အခန်းထဲတွင်မျက်နှာချင်းဆိုင်၍ လူနှစ်ယောက်ထိုင်နေကြသည် တစ်ယောက်မှာဒေါသများထွက်နေသော်လည်း တစ်ယောက်မှာမူပြုံးရွှင်နေလေသည်
"ခင်ဗျားဘာစောက်ရူးထပြီး အခုလိုလုပ်တာလဲ"
"စောနကိစ္စအတွက်ကိုယ်မတောင်းပန်နိုင်ဘူး ဒါပေမယ့်ကိုယ်မှားတယ်ဆိုတာတော့ဝန်ခံပါတယ် ကိုယ်ဒီရက်ပိုင်းကိုယ့်ကိုယ်ကိုဆန်းစစ်ပြီးသွားပြီ ကိုယ်မင်းကိုချစ်တယ်ဇန်"
"စိတ်မရှိပါနဲ့ ဟေးမက်စ်
ကျွန်တော်ယောက်ျားတွေကိုမကြိုက်ဘူး
အထူးသဖြင့် ခင်ဗျားကိုမကြိုက်ဘူး
အခုကျွန်တော့အခန်းထဲကနေထွက်သွားပါ နောင်ကိုကျွန်တော့ခွင့်ပြုချက်မရှိဘဲဝင်လာမယ်ဆိုရင် ဒီBaseကနေထွက်သွားရလိမ့်မယ်""ကောင်းပြီ ကိုယ်အခုထွက်သွားပေးမယ်
ဒါပေမယ့် မင်းကိုတစ်ခုသတိပေးပါရစေ ဒီနေ့ကစပြီးမင်းကိုကိုယ်စလိုက်တော့မှာ မင်းရဲ့အချစ်ကိုမရမချင်းမရပ်တန့်ဘူး ကောင်းသောညပါ ကိုယ့်အချစ် "
~ဒုန်း~
ဟေးမက်စ်ပြောလို့မဆုံးခင်တံခါးစောင့်ပိတ်ခံလိုက်ရသည်
'အဟက် ချစ်စရာလေး 'အခန်းထဲတွင်.....
System: "Hostဘယ်လိုလုပ်မယ်စိတ်ကူးလည်း""ငါတူညီတဲ့အမှားကိုထပ်လုပ်မှာမဟုတ်ဘူး ငါထပ်မချစ်တော့ဘူး မစ်ရှင်ပီးတာနဲ့ထွက်သွားတော့မယ်"
ကယ်ရီအိပ်မပျော်တော့သဖြင့်အပြင်သို့လမ်းလျှောက်ထွက်လာခဲ့သည် ထောင့်ချိုးတစ်ခုသို့ရောက်သောအခါ ဖုန်းပြောသံတစ်ချို့ကြားလိုက်ရသည် ထိုစကားထဲတွင်အယ်လ်မီဟုကြားလိုက်သဖြင့် System အားခိုးနားထောင်ရန် အသံဖမ်းခိုင်းလိုက်သည်
"အချိန်ကျတာနဲ့ ရှင်ကဂိတ်ပေါက်ကိုဖွင့်ပေးပါ ကျွန်မတို့ဒီBaseကိုဝင်သိမ်းမယ် ရှင်လည်းအကျိုးမနည်းစေရပါဘူး မစ္စတာဝူကရှင့်ကိုကောင်းကောင်းကြည့်ရှုပေးမှာပါ"
"စိတ်ချပါ မစ္စအယ်လ်မီ ကျွန်တော့တာဝန်ကျေစေရပါမယ်"
"ကျွန်မရှင့်ကို အားကိုးမယ်နော်"
ကယ်ရီတိတ်တဆိတ်နားထောင်ပြီးသည့်နောက်တွင်
"System အခုဖုန်းပြောနေတာဘယ်သူလဲ"
![](https://img.wattpad.com/cover/231828198-288-k293393.jpg)
VOCÊ ESTÁ LENDO
SYSTEM 286 (On going)
Diversosကယ်ရီတစ်ယောက် ကလေးငယ်တစ်ဦးအားကယ်တင်ရင်း ကားမတော်တဆဖြစ်ပွားခဲ့ရာမှ System 286 နှင့်ချိတ်ဆက်မိသောအခါ..... ဒီ ficလေးမှာ ကယ်ရီတစ်ယောက် မစ်ရှင်တွေထမ်းဆောင်ရင်း ဘယ်လိုအခက်ခဲတွေ၊ပျော်ရွှင်မှုတွေကြုံတွေ့ရမလဲ နောက်ပြီးအချစ်ကိုဘယ်လိုရှာဖွေတွေ့ရှိမလဲ Title...