Zawgyi
"ဒါမင်းနေရမဲ့အခန်းပဲ...အဆင်မပြေတာရှိရင်ကိုယ့်ကိုပြောနော် ""ဟုတ်...ကျေးဇူးတင်ပါတယ် အကိုဟန်ယွင် "
"ကိစ္စမရှိပါဘူး... အိမ်အနောက်ဖက်မှာ ဥယျာဉ်ရှိတယ်..အိမ်ထဲမှာနေရတာပျင်းရင် ဥယျာဉ်ထဲသွားလို့ရတယ်...ကိုယ်အလုပ်ကိစ္စလေးရှိလို့ အပြင်သွားလိုက်အုံးမယ်နော်.."
"ရပါတယ် ကျွန်တော့်ကိုအားနာစရာမလိုပါဘူး အကိုသွားစရာရှိတာသာသွားပါ"
ဟန်ယွင် ထွက်သွားတော့မှ ကယ်ရီအခန်းကိုပတ်ကြည့်မိသည်...ဧည့်သည်ခန်းသာဆိုသည် ပြင်ဆင်ထားသည်မှာလည်းစနစ်တကျ ကြည့်ရတာဇာတ်လိုက်က ဧည့်ဝတ်ကျေ တဲ့အိမ်ရှင်ဖြစ်ပုံပေါ်သည်..ရေချိုးခန်းကလည်း မိမိမူလဘဝကငှါးနေခဲ့သောအခန်းအကျယ်လောက်ရှိသည်..။ S group ရဲ့ဆက်ခံသူဆိုသည့်အတိုင်း တော်တော်ချမ်းသာပုံရသည်..။ ကယ်ရီနေ့လည်စာစားပီးသည်ထိလည်း ဟန်ယွင်ပြန်မရောက်သေး..။ ကယ်ရီလည်း ပျင်းတာနဲ့ အနောက်ဖက်က ဥယျာဉ်သို့သွားလိုက်သည်...။
"System... ကြည့်ပါအုံး ရွှေငါးလေးတွေအများကြီးပဲ..လှလိုက်တာ "
System: "Hostစောန ငါးပေါင်းနဲ့ထမင်းစားလာတာရောမှတ်မိလား "
"ရှူး....ငါးလေးတွေကြားကုန်မယ်.....အယ်..ဟိုမှာအသီးတွေအများကြီးပဲ "
ကယ်ရီသစ်သီးတွေစိုက်ထားတဲ့နေရာသို့အတင်းပြေးသွားသည်.."System... ငါခူးစားလိုက်ရင် ဇာတ်လိုက်ကစိတ်ဆိုးလောက်လား"
System: "ဇာတ်လိုက်က Hostကို လျှောက်ကြည့်လို့ရတယ်လို့ပြောတာလား လျှောက်ခူးစားလို့ရတယ်လို့ပြောတာလား..သူများအမြတ်တနိုးစိုက်ထားတာတွေကိုဖျက်လိုဖျက်ဆီးစိတ်တွေမထားစမ်းပါနဲ့Hostရယ်.."
ထိုစဉ် ကယ်ရီနားသို့ဦးလေးကြီးတစ်ယောက်ရောက်လာသည်
"ဒီက သခင်လေးရဲ့ဧည့်သည်ထင်တယ်..""ဟုတ်ကဲ့...ကျွန်တော့နာမည်မင်ရှီးပါ
အကိုဟန်ယွင်ရဲ့ဂျူနီယာပါ
တွေ့ရတာဝမ်းသာပါတယ် " ကယ်ရီနှုတ်ဆက်လိုက်သည်.."ဦးလေးက ဒီအိမ်ရဲ့အိမ်တော်ထိန်းပါ
သခင်လေးက အိမ်ကိုဧည့်သည်ခေါ်လာလေ့မရှိဘူးကွဲ့..ငါ့တူကိုတော်တော်ခင်ပုံရတယ်.."
YOU ARE READING
SYSTEM 286 (On going)
Randomကယ်ရီတစ်ယောက် ကလေးငယ်တစ်ဦးအားကယ်တင်ရင်း ကားမတော်တဆဖြစ်ပွားခဲ့ရာမှ System 286 နှင့်ချိတ်ဆက်မိသောအခါ..... ဒီ ficလေးမှာ ကယ်ရီတစ်ယောက် မစ်ရှင်တွေထမ်းဆောင်ရင်း ဘယ်လိုအခက်ခဲတွေ၊ပျော်ရွှင်မှုတွေကြုံတွေ့ရမလဲ နောက်ပြီးအချစ်ကိုဘယ်လိုရှာဖွေတွေ့ရှိမလဲ Title...