Arc 3.9(ဇန်)

2.6K 336 6
                                    

Unicode

ကပ်ဆိုးကျရောက်မှုအချိန်ကြာလာသည်နှင့်အမျှ ဇွန်ဘီများသည်လည်း အသိဉာဏ်အနည်းငယ်ရရှိလာကြသည် သူတို့သည် မြေအောက်ရေဆိုးပိုက်လိုင်းများမှတဆင့် Baseဆီသို့ချဥ်းကပ်လာကြသည် အခန်းထဲတွင် ကယ်ရီနှင့်System မြေအောက်လမ်းကြောင်းအားသုံးသပ်နေကြသည်

System: "သူတို့ရဲ့အမြန်နှုန်းအရဆို Baseကိုရောက်ဖို့ ခန့်မှန်းခြေ ၃နာရီလောက်အချိန်ယူရမယ်"

ကယ်ရီအချိန်အားကြားလိုက်ရသောအခါ အနည်းငယ်စိုးရိမ်သွားသည်
"၃နာရီ .....ဟုတ်လား
ငါသူတို့တွေကို မြန်မြန်တားမှဖြစ်တော့မယ် အချိန်ကသိပ်မကျန်တော့ဘူး
လက်ရှိသူတို့ကဘယ်နားရောက်နေတာလဲ"

System:"သူတို့ ဇုံAအလယ်ကိုမ​ကြာခင်ရောက်တော့မယ်Host"

ကယ်ရီ ဇွန်ဘီအုပ်အားတားရန် Systemအား ဇုံAကိုအပိုင်း၈ပိုင်းသတ်မှတ်ခိုင်းလိုက်သည် ဤသိုပြုလုပ်ခြင်းအားဖြင့် ဇွန်ဘီများ၏တည်နေရာအားပိုမိုပေါ်လွင်စေသည် လက်ရှိဇွန်ဘီများ၏တည်နေရာမှာ နယ်မြေ၂တွင်ဖြစ်သည် ထို့နောက်တွင် ဂျိတ်ခ်တို့အဖွဲ့ရှိရာနေရာသို့အလျှင်အမြန်သွားကာ ဂျိတ်ခ်အားထောင့်တစ်ထောင့်သို့ခေါ်ထုတ်​ပြီး အကျိုးကြောင်းရှင်းပြလိုက်သည်

"ဇန်...မင်းကဒါတွေဘယ်လိုလုပ်သိနေတာလဲ"

ကယ်ရီလည်းမုသားတစ်ဝက် အမှန်တစ်ဝက်ပြန်ဖြေလိုက်သည်
"တကယ်တော့ ကျွန်တော်တို့ အရင်အပတ်ရိက္ခာထွက်ရှာတုန်းက အဲ့ကောင်တွေတော်တော်လေးရှင်းနေတာသတိထားမိခဲ့တယ် အဲ့တာကြောင့် မနေ့ကတစ်ယောက်တည်းတိတ်တိတ်လေးသွားကြည့်ခဲ့တာ "

ထိုစကားအားကြားသောအခါ ဂျိတ်ခ်သည် ဒေါသထွက်စွာဖြင့်
"ဘာ....တစ်ယောက်တည်းအပြင်ထွက်တယ် ဇန်....မင်းတော်တော်အတင့်ရဲနေပါ့လား တစ်ယောက်တည်းသွားတာဘယ်လောက်အန္တရာယ်များလဲမသိဘူးလား မင်းတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"

"အသိမပေးဘဲထွက်သွားမိတဲ့အတွက်တောင်းပန်ပါတယ်ဂျိတ်ခ်
အဲ့ကောင်တွေအကုန်လုံးကပိုက်လိုင်းထဲရောက်နေတာ ပြီးတော့တစ်နေရာကိုသွားနေကြတဲ့ပုံပဲ ကျွန်တော်စိုးရိမ်တာက သူတို့ဦးတည်နေတာဒီBaseဖြစ်နေမှာကြောက်တာ "

SYSTEM 286 (On going)Where stories live. Discover now