Arc 2.4 (ယူချင်း)

5.5K 592 39
                                    

Zawgyi

System:" Host လုပ်နေတာမှန်ရောမှန်ရဲ့လား ကိုယ်အနေအထားကြီးကထူးဆန်းနေသလိုပဲနော်"

ဟုတ်ပါတယ် ညဖက်ကြီးလေ့ကျင့်ကွင်းထဲမှာ သိုင်းကွက်တွေကိုစမ်းတဝါးဝါးကျင့်ကြည့်နေတဲ့ ကယ်ရီပါ

"ငါလည်း ယူချင်းလုပ်သလိုလိုက်လုပ်ကြည့်တာပဲလေ...
အာ မသိတော့ဘူး ပြန်လဲပေးငါ့ကို ဂီတစွမ်းရည် နဲ့အတိုက်ခိုက်စွမ်းရည်"

System: "ဆုတောင်းလေ Hostရဲ့
မရွေးခင်ကတည်းကသေချာမေးတယ်လေ သူပဲငြိမ်းချမ်းရေးဖခင်ကြီးလိုလိုပုံစံနဲ့ရွေးခဲ့ပီးတော့"

"ဒါဆို ဂီတနဲ့တိုက်ခိုက်လို့ရတဲ့ပညာရှိတယ်မလား ငါဇာတ်ကားထဲမှာမြင်ဖူးတယ် အဲ့တာရှာပေး"

System: "ရှိတယ် ဒါပေမယ့် ဒီကမ္ဘာက ကျင့်ကြံရေးလောကမဟုတ်တဲ့အတွက် သုံးလို့မရဘူး "

"ဒါဆိုငါ ကိုယ်ရံတော်အဖြစ်ကနေနှုတ်ထွက်လိုက်ရင်ကောင်းမလား မစ်ရှင်က ယူရှင်းမိဘတွေကိုရှာရုံတင်မလား "

System: "နန်းတွင်းထဲဝင်ပြီးရင်ထွက်လို့ရတဲ့လမ်း တစ်လမ်းပဲရှိတယ် သေလမ်း"

"ဟိုဟာလည်းမရ ဒီဟာလည်းမရနဲ့
စိတ်ညစ်လိုက်တာ "
ကယ်ရီလေ့ကျင့်ကွင်းထောင့်ရှိသစ်ပင်အောက်တွင်လှဲချလိုက်သည်..ထို့​နောက် ​ဘေးနားမှာတွေ့တဲ့ သစ်ရွက်တစ်ရွက်အားကောက်၍ တေးသွားများစမ်းမှုတ်ကြည့်နေတော့သည်...

ဝူကျန့်အိပ်မ​ပျော်သဖြင့် ညဖက်လမ်းထွက်လျှောက်တုန်း လေ့ကျင့်ရေးကွင်းဖက်မှဂီတသံချိုချိုလေးအားကြားလိုက်ရသည်..။ သံစဉ်မှာအလွန်ဆန်းသစ်ပြီးနားဝင်ချိုလှသဖြင့် မိမိကိုယ်ကိုယ်တောင်သတိမထားမိဘဲ သစ်ပင်အောက်တွင် သစ်ရွက်လေးဖြင့်သံစဉ်များဖန်တီးနေသောသူအနားသို့ရောက်မှန်းမသိရောက်လာခဲ့သည်... ဂီတသံဆဲသွားမှ

"မင်းမှာဒီလိုပြောင်မြောက်လှတဲ့ဂီတစွမ်းရည်ရှိမှန်းငါစစ်သူကြီးမသိလိုက်ရပါလား"

ကယ်ရီအသံကြားရာသို့မော့ကြည့်ကာ အရိုသေပေးလိုက်ရင်း

"ကျွမ်းကျွမ်းကျင်ကျင်တော့မဟုတ်ပါဘူး စစ်သူကြီး "

SYSTEM 286 (On going)Where stories live. Discover now