Zawgyi ~
အဖြူရောင်ဟင်းလင်းပြင်ကြီးထဲတွင် ခွေခွေလေးအိပ်နေသောကယ်ရီ
System ဘယ်လိုနှိုးနေပါစေ မကြားချင်ယောင်ဆောင်ကာ အိပ်နေလေသည်System: " Host ထအုံးလို့ အခုHostရောက်နေတဲ့နေရာကဘယ်နေရာလဲဆိုတာထကြည့်အုံး"
နောက်ဆုံးတွင် ကယ်ရီမျက်လုံးအားဖြေးညှင်းစွာဖွင့်ကာထလာခဲ့သည်
"အော်..... ဒီနေရာလား"
System: "ဘယ်လိုပြန်ရောက်လာလဲဆိုတာ Hostမမှတ်မိဘူးလား"
"မှတ်မိဖို့ လိုအပ်လို့လား
မင်းပြောချင်တဲ့စိတ်ရှိရင်ပြော မပြောချင်လည်းမပြောနဲ့"System: "Hostက အသတ်ခံရတာပါ"
"ထူးဆန်းလို့လား ဟို လူလိမ်ကောင်သတ်ခိုင်းတာနေမှာပေါ့ တော်ပြီအရေးမပါတာတွေဆက်မပြောနဲ့ အဲ့ညကဘာတွေဖြစ်ခဲ့လဲဆိုတာငါမှတ်မိတယ် အခုတော့ခဏအိပ်လိုက်အုံးမယ် ဆက်ပြောချင်ရင်ငါနိုးတဲ့အထိစောင့် မစောင့်နိုင်ရင်လည်းတစ်ခါတည်းဖုန်မှုန့်အဖြစ်ပြောင်းလိုက်"
ကယ်ရီပြန်အိပ်ရင် အဲ့ညကအကြောင်းပြန်စဉ်းစားနေမိသည် ထိုနေ့ညက ကယ်ရီဆောင်ကြာမြိုင်ကအပြန် လူတစ်ယောက် သူ့နောက်သို့နောက်ယောင်ခံလိုက်လာခဲ့ပြီး လူရှင်းသောနေရာသို့အရောက်တွင် ကယ်ရီအားလုပ်ကြံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် မည်သည့်အတွက်ကြောင့်တိုက်ခိုက်ခံရသည်ကိုလည်းကယ်ရီမသိ မူလယူချင်းတွင်လည်းရန်သူသိပ်မရှိ ကယ်ရီသေဆုံးခါနီးတွင် ထိုလူကကယ်ရီအားစကားတစ်ခွန်းပြောခဲ့သည်
'မင်းကိုသတ်လိုက်လို့ ငါ့ကိုအပြစ်မတင်နဲ့ မှားယွင်းစွာမွေးဖွားလာတဲ့ မင်းကိုမင်းပဲအပြစ်တင်လိုက်ပါ '
.................
နောက်ဆုံးတွင် တစ်ပတ်တိတိအိပ်နေသော ကယ်ရီ နိုးလာခဲ့သည်
System: "ပြန်လည်ကြိုဆိုပါတယ် Host
နောက်ကမ္ဘာသွားဖို့အဆင်သင့်ဖြစ်ပါပြီလား Host""အင်း"
အမည် - ကယ်ရီ
Level - 1
point - 700
တတ်မြောက်သောပညာရပ် - ဂီတစွမ်းရည်
တာဝန်ထမ်းဆောင်ပြီးသောကမ္ဘာအရေအတွက် - 2
![](https://img.wattpad.com/cover/231828198-288-k293393.jpg)
YOU ARE READING
SYSTEM 286 (On going)
Randomကယ်ရီတစ်ယောက် ကလေးငယ်တစ်ဦးအားကယ်တင်ရင်း ကားမတော်တဆဖြစ်ပွားခဲ့ရာမှ System 286 နှင့်ချိတ်ဆက်မိသောအခါ..... ဒီ ficလေးမှာ ကယ်ရီတစ်ယောက် မစ်ရှင်တွေထမ်းဆောင်ရင်း ဘယ်လိုအခက်ခဲတွေ၊ပျော်ရွှင်မှုတွေကြုံတွေ့ရမလဲ နောက်ပြီးအချစ်ကိုဘယ်လိုရှာဖွေတွေ့ရှိမလဲ Title...