Arc 4.6(ပိုင်ရှီရှန်း)

1K 135 7
                                    

Unicode ~

မဟူရာဂိုဏ်းရှိ ဂိုဏ်းချုပ်နေထိုင်သည့်စံအိမ်တွင် ဂိုဏ်းချုပ်ပိုင်တစ်ယောက် ပြိုင်ပွဲကိစ္စနှင့်ပတ်သတ်သောစာရင်းများအား စစ်ဆေးလျက်ရှိသည်...ထိုကဲ့သို့စစ်ဆေးနေစဥ် အခန်းတံခါးခေါက်သံအားကြားလိုက်သောကြောင့် သူ၏ဇနီးဟုထင်ကာ တံခါးထဖွင့်ခါနီးတွင် ဝင်ရောက်လာသောကယ်ရီ...
ကယ်ရီလည်းမျက်နှာချိုသွေးရင်း
"အဖေ ကျွန်တော်ပြန်ရောက်ပါပြီ... ဟီး"

ဂိုဏ်းချုပ်ပိုင်လည်း စကားပြန်မဆိုဘဲ ကယ်ရီအားသူ၏လက်စွဲတော်ဓားရိုးဖြင့်လိုက်ရိုက်လေသည်
"ခွေးကောင်လေး ဘာမပြောညာမပြောနဲ့ စာတစ်စောင်ထားပြီးပျောက်သွားရအောင် ငါ့ကိုမင်းအမေလင်မှတ်နေလား... ရပ်စမ်း မိလို့ရတော့ မင်းနာပြီသာမှတ်"

ကယ်ရီလည်းခြံဝိုင်းထဲတွင်ပတ် ပြေးရင်း
"အဖေမှားမယ်နော်... ပြိုင်ပွဲရက်နီးနေပြီ ကျွန်တော်ဒဏ်ရာရလို့မဖြစ်ဘူးနော်... မဟုတ်ရင် မဟူရာဂိုဏ်းပဲအရှက်ကွဲမှာနော်"

"ခွေးသားလေး... ငါတို့မဟူရာဂိုဏ်းကမင်းလုပ်လို့ကွဲစရာအရှက်ကိုမကျန်တော့တာ အဲ့တာကြောင့်ပြေးမနေဘဲအခုရပ်လိုက်စမ်း"

ကယ်ရီလည်းဆက်မပြေးချင်တော့တာကြောင့် ရပ်ကာ
"အဖေကဒေါသထွက်ဖို့ကြီးပဲ ကျွန်တော်ဘာတွေပြောင်းလဲသွားလဲနည်းနည်းမှစိတ်မဝင်စားဘူး"ထိုအခါမှ ဂိုဏ်းချုပ်ပိုင်တစ်ယောက် သူ့သားအားအကဲခတ်ကြည့်လိုက်သည်
"မင်း...မင်း...အဆင့်၇ ရောက်သွားပြီလား"

ကယ်ရီလည်းဂုဏ်ယူစွာဖြင့်
"ဟုတ်တယ်...ကျွန်တော်အဆင့်၇ ရောက်ပြီ"

သို့သော် ဂိုဏ်ချုပ်ပိုင်၏တုန့်ပြန်မှုသည် သူတွေးထားသည်နှင့်တခြားစီဖြစ်နေခဲ့သည်
"မင်း မိစ္ဆာအတတ်တွေလေ့ကျင့်နေတာလား"

"ဟာ...မဟုတ်ပါဘူး
ကျွန်တော် အမွေနှစ်တစ်ချို့ ကံကောင်းပြီးရခဲ့တာပါ "
[ဟား ဟား ဟား တကယ်လို့ host သာအဆင့်၉ရောက်နေကြောင်းအမှန်တိုင်း ပြောလိုက်ရင် ဘယ်လိုများနေမလဲမသိဘူး ]
'ဖြစ်နိုင်တာကတော့ မိစ္ဆာအတတ်တွေတစ်ဖက်ကမ်းတတ်နေတယ်ထင်ပြီး  ငါ့ကိုအခန်းထဲမှာပိတ်ရင်ပိတ်ထားလောက်တယ် '

SYSTEM 286 (On going)Where stories live. Discover now