Zawgyi ~
System :"Host ကျွန်တော်ပြန်ရတော့မှာလား ဒီကမ္ဘာမှာနေခဲ့မှာသေချာပြီလား"
"ဖြေးဖြေးပေါ့ ဘာလို့အဲ့ဒီလောက်တောင်လောနေတာလား မင်းငါ့ကိုတော်တော်အမြင်ကတ်နေတာလား"
System: "ကျွန်တော်ကသူများတွေလို ချစ်ကြည်နူးနေချိန်မရှိဘူးဗျ Hostတာဝန်စွန့်လွှတ်လိုက်ရင် ကျွန်တော်ကတခြား Hostရှာပြီး မစ်ရှင်တွေလုပ်ခိုင်းရအုံးမယ်လေ"
"အဲ့တာဆိုမနက်ဖြန်မှသွားလေနော်"
System: "ဘာလဲ ကျွန်တော့ကိုမခွဲနိုင်လို့လား"
"ဒီနေ့ဝူကျန့်မွေးနေ့လေ သူ့ကို Suprise လုပ်ပေးချင်လို့ ငါတစ်ယောက်တည်းမလုပ်တတ်တော့ မင်းရှိနေမှဖြစ်မှာလေ အဲ့တာကြောင့် မနက်ဖြန်မှသွားနော် လိမ္မာပါတယ် System လေးက"
System: အသံတိတ်မျက်ရည်ကျကာ
"ကျွန်တော့မှာတော့ Host ကငါ့ကိုမခွဲနိုင်ဘူးထင်တယ်လို့တွေးပြီး ရင်ထဲထိသွားလိုက်ရတာ လတ်စသတ်တော့ ဝူကျန့်ကြောင့်ကို အဲ့တာကြောင့်ဒေတာတွေထဲမှာ အိုးထဲကဖိတ်ပြီးသားရေကိုပြန်ထည့်ဖို့မဖြစ်နိုင်ဘူးလို့ပြောတာကို ငါ့အိမ်ကဂေါ်ဖီထုတ်ဝက်တူးသွားပြီ ဗြဲ...."ကယ်ရီ: "......?"
.....................ဝူကျန့်တစ်ယောက် မိမိအားတစ်ခွန်မှမပြောသွားဘဲ တစ်နေကုန်အရိပ်ပင်ရှာ၍မတွေ့သော ချစ်ရသူလေးအားနေရာအနှံ့လိုက်၍ရှာနေသည်
'မပြောမဆိုနဲ့ တစ်နေကုန်ဘယ်တွေရောက်နေတာလဲချင်းအာရယ်'
ဝူကျန့် ဘယ်လိုမှရှာမတွေ့တဲ့အဆုံး အခန်းသို့ပြန်ကာ ယူချင်းပြန်အလာအားစောင့်နေလိုက်သည်လေ့ကျင့်ကွင်းနှင့် အတန်ငယ်ဝေးသောတောင်ကုန်းတစ်နေရာတွင် ဧရာမလမုန့်ကြီးအား ကိတ်ဖြင့်အစားထိုးကာ တစ်ယောက်တည်းမွေးနေ့ပွဲစီစဉ်နေသောကယ်ရီ...
"ဒီလောက်ဆိုရလောက်ပြီထင်တယ်
ကိတ်အတွက်လည်းရပြီ အသားကင်လည်းရပြီ သောက်စရာလည်းရပြီ ပြည့်စုံပြီ"System: "ဘယ်မှာလဲကိတ် လူရိုက်သတ်လို့ရတဲ့ လမုန့်ကြီးကဘယ်နားမှာကိတ်နဲ့သွားတူနေလို့လဲ"
"မရှည်နဲ့ ငါကိတ်ဆိုကိတ်လိုက်
ဒီခေတ်မှာ ငါကဘယ်နေရာကနေသွားရှာရမှာလဲ ဒီလမုန့်တောင်နေ့တစ်ပိုင်းလောက်စားဖိုဆောင်ကအဒေါ်ကိုအပူကပ်ပြီး အတင်းလုပ်ခိုင်းထားရတာ တော်ပြီမင်းနဲ့မပြောတော့ဘူး ဝူကျန့်ကိုပဲသွားခေါ်တော့မယ် ငါတစ်နေကုန်ပျောက်နေတာ သူစိတ်ပူနေလောက်ပြီ"
![](https://img.wattpad.com/cover/231828198-288-k293393.jpg)
YOU ARE READING
SYSTEM 286 (On going)
Randomကယ်ရီတစ်ယောက် ကလေးငယ်တစ်ဦးအားကယ်တင်ရင်း ကားမတော်တဆဖြစ်ပွားခဲ့ရာမှ System 286 နှင့်ချိတ်ဆက်မိသောအခါ..... ဒီ ficလေးမှာ ကယ်ရီတစ်ယောက် မစ်ရှင်တွေထမ်းဆောင်ရင်း ဘယ်လိုအခက်ခဲတွေ၊ပျော်ရွှင်မှုတွေကြုံတွေ့ရမလဲ နောက်ပြီးအချစ်ကိုဘယ်လိုရှာဖွေတွေ့ရှိမလဲ Title...