Arc 4.3(ပိုင်ရှီရှန်း)

2K 274 19
                                    

Unicode ~

ကယ်ရီမြို့တော်အားစိတ်ကျေနပ်လောက်သည်အထိလှည့်ပတ်ပြီးနောက်တွင် တည်းခိုဆောင်တစ်ခု၌နားရန် အခန်းယူလိုက်သည် ကယ်ရီအခန်းထဲ၌ကျင့်ကြံနေစဥ်အောက်ထပ်မှဆူညံသံများကြောင့် ဆက်လက်အာရုံမစိုက်နိုင်တော့သဖြင့် System အား အခြေနေမေးကြည့်လိုက်သည်

[ဇာတ်လိုက်နဲ့ ဇာတ်လိုက်မရောက်နေတာပါ Host
ဇာတ်လိုက်မကိုတခြားဝိုင်းက လူတစ်ချို့ကရိသဲ့သဲ့လုပ်လို့ဇာတ်လိုက်နဲ့ရန်ဖြစ်နေကြတာပါ]

"ဒီကမ္ဘာကလူတွေက ဘာလို့သူရဲကောင်းလေးနဲ့လူကြမ်းများဇာတ်ကိုအချိန်ပြည့်ကနေကြလဲမသိဘူး
သူတို့ကဘာလို့ ဒီကိုရောက်နေကြတာလဲ
တိမ်ပြိုဂိုဏ်းနဲ့မဟူရာဂိုဏ်းကြားမှာ မြို့သုံးမြို့လောက်ရှိတယ်မလား ဘာလို့မဟူရာဂိုဏ်းနဲ့အနီးဆုံးမြို့ကိုရောက်နေတာလဲ "

[ ဇာတ်ကြောင်းအရဆို ဇာတ်လိုက်မက စေ့စပ်ပွဲလာဖျက်တာဖြစ်ဖို့များပါတယ် Host]

"အော်.....အဲ့လိုလား"
ကယ်ရီသူ၏ခန်မှန်းရခက်သောမူပိုင်အပြုံးလေးပြုံးကာ အောက်ထပ်သို့တစ်လှမ်းချင်းဆင်းသွားလိုက်သည် အောက်ထပ်မှရန်ပွဲ ကြည့်နေသူများ၏အာရုံသည် ရုတ်တရက်လှေကားမှဆင်းလာသောလူငယ်လေးဆီသို့ရောက်ရှိသွားသောအခါတွင် ငေးမောဆွံအသွားကြသည် ထိုလူငယ်သည်အနက်ရောက်ဝတ်စုံရှည်အားဝတ်ဆင်ကာ ခါးတွင်အကာကွယ်ကျောက်စိမ်းအဆောင်လေးသာချိတ်ဆွဲထားသည် ဖြူဖွေးနူးညံ့ပုံရသောအသားအရည်ရှိကာနှုတ်ခမ်းများကလည်းချယ်ရီသီးများကဲ့သို့နီနီရဲရဲလေးဖြစ်သည် သို့သော်စူးရှနေသောမျက်လုံး ဖြောင့်တန်းနေသောမျက်ခုံးများနှင့်ပေါင်းစပ်ကာကြည့်လိုက်သောအခါတွင် လှပသောအဖြူရောင်ပန်းလေးတွင်အနက်ရောင်အော်ရာများဝန်းရံနေသကဲ့လို့ နူးညံ့မှုကင်းမဲ့စွာဖြင့်နတ်ဆိုးဆန်ဆန်လှပလျှက်ရှိသည်

ကယ်ရီဆင်းလာချိန်တွင်ရန်ပွဲမှာ ပြီးဆုံးခါနီးဖြစ်သောကြောင့် ကျောပေးထားသောဇာတ်လိုက်ကိုသာမြင်နေရသည် ဇာတ်လိုက်မဟူလီနာမှာမူ ကယ်ရီရင်းနှီးနေသောမျက်နှာဖြစ်ပြီး ဇာတ်လိုက်၏ဘေးတွင် ဇာတ်လိုက်အား အားကိုတကြီးကြည့် နေသည်

SYSTEM 286 (On going)Where stories live. Discover now