Arc 2.2(ယူချင်း)

5.4K 731 39
                                    


Zawgyi

"System မင်းရှင်းပြသင့်တယ်လို့တော့ငါထင်တယ်နော် စစ်သူကြီးက အကိုဟန်ယွင်နဲ့ရုပ်တူနေတာထားပါတော့ အခုကယုံအန်းမင်းသမီးက ဘာလို့ ဇာတ်လိုက်မနဲ့သွားတူနေတာလဲ "

System: "ဟုတ်ပါတယ် Host
အရင်းမြစ်တစ်ခုတည်းကနေ ဖန်ဆင်းထားတဲ့ပုံရိပ်ယောင်ကမ္ဘာတွေဖြစ်တဲ့အတွက် ကမ္ဘာတစ်ခုနဲ့တစ်ခု ရုပ်ဆင်တဲ့သူတွေရှိမှာပါ"

"မင်းပြောချင်တာက နောက်ကမ္ဘာမှာလည်း ရုပ်တွေအတူတူပဲဖြစ်နေမယ်လို့ဆိုလိုတာလား "

System:"ဟုတ်ပါတယ် Host"

"ဒါနဲ့ မစ်ရှင်ကဘာလဲ"

System: "ယူချင်း၏မိဘများအားရှာဖွေပါ -point 500"

"ဒါပဲလား"

System:"ဒါပဲလေ"

"ဟမ်.... မစ်ရှင်ကတစ်ခုတည်းပဲလေ
အရင်ကမ္ဘာတုန်းသ သုံးခုတောင်လေ"

System: "Host ဦးနောက်နဲ့ရအောင်ပဲအရင်ရှာပါအုံး ပထမကမ္ဘာတုန်းက မစ်ရှင်တွေကိုသူများအားကိုးနဲ့ပီးလာတာမလား"

"ကံကောင်းခြင်းသည်လည်း အရည်အချင်းတစ်မျိုးတဲ့ မင်းမသိဘူးလား..
ယူချင်းရဲ့မိဘတွေကိုရှာဖို့ သဲလွန်စလေးများမရှိဘူးလား "

System: "ရှိတယ် Hostလည်ပင်းမှာဆွဲထားတဲ့ကျောက်စိမ်းဆွဲကြိုးလေးက သဲလွန်စပဲ..ယူချင်းကို စစ်သူကြီးအိမ်ကအစေခံတစ်ယောက်ကကောက်ရခဲ့တာ ...သူကောက်ရခဲ့တုန်းက ယူချင်း လည်ပင်းမှာဆွဲလျက်သားလေးပါလာတာ "

"အော် အဲ့ဒီလိုလား "

System : "ယူချင်းကို အစေခံကမွေးစားထားပေမယ့် အစေခံရဲ့သွေးသားရင်းမဟုတ်တဲ့အတွက်ကြောင့် အ​စေခံလိုတော့ဆက်ဆံမခံရဘူး..ငယ်ငယ်ကတည်းက ယူချင်းက ကြိုးစားချင်စိတ်ရှိပြီး သိုင်းပညာကိုကျွမ်းကျင်အောင်သင်ယူခဲ့တာမလို့ စစ်သူကြီးရဲ့နောက်လိုက်ဖြစ်ခဲ့တာ
နေပါအုံး မှတ်ဥာဏ်တွေ ကူးပြောင်းပေးပီးပီလေ ဘာကိစ္စလာမေးနေတာလဲ"

"ရောက်လာတာဘယ်လောက်ကြာသေးလို့ ငါကအကုန်သိမှာလဲ အကုန်မကြည့်ရသေးဘူး ငါဘယ်သူလဲဆိုတာနဲ့ အကိုဟန်ယွင်နဲ့တူတဲ့သူကဘယ်သူလဲဆိုတာလောက်ပဲကြည့်ရသေးတယ် "

SYSTEM 286 (On going)Where stories live. Discover now