Arc 2.10(ယူချင်း)

3.4K 380 3
                                    

Zawgyi ~

ဧည့်ဆောင်တွင်

"ကျွန်မက စစ်သူကြီးကို အပြစ်တစ်စုံတစ်ရာများလုပ်ခဲ့မိလား ကျေးဇူးပြုပြီး အမှန်တိုင်းဖြေပေးပါ"

"မလုပ်ခဲ့ပါဘူးမင်းသမီး"

"အဲ့တာဆို ဘာကြောင့်စေ့စပ်ကြောင်းလမ်းထားတာကို ဖျက်သိမ်းချင်ရတာလဲစစ်သူကြီး ကျွန်မကမလှလို့လား ဒါမှမဟုတ် မင်းသမီးတစ်ပါးဖြစ်တဲ့အတွက်ကြောင့် ကျွန်မမှာစစ်သူကြီးကိုထောက်ပံပေးနိုင်မဲ့အင်အားမရှိလို့လား"

"အဲ့လို့မဟုတ်ပါဘူး မင်းသမီး
မင်းသမီးအပြစ်မဟုတ်ပါဘူး ကျွန်တော်မျိုးက ကျွန်တော်မျိုးချစ်ရတဲ့သူကိုသာလက်ထပ်လိုတဲ့အတွက်ကြောင့် စေ့စပ်တာကိုဖျက်သိမ်းပေးဖို့တောင်းဆိုခဲ့တာပါ"

စစ်သူကြီး၏ပါးစပ်မှ ချစ်ရသောသူဟုကြားသောအခါ ထျန်းယွီ ထိုမိန်းမအားကြာပွတ်ဖြင့်အသေရိုက်သတ်လိုစိတ်ပေါ်လာသော်လည်း ဟန်ဆောင်ကာ
"ရှင့်မှာချစ်ရတဲ့သူတောင်ရှိနေပီပေါ့
ဝူကျန့် ရှင်သိရဲ့လား ကျွန်မကလေရှင့်ကိုဟိုးအရင်ကတည်းကချစ်နေခဲ့ရတာပါ ကျွန်မအရမ်းနောင်တရတယ် ခမည်းတော်လက်ထပ်ပွဲစီစဉ်ပေးမယ်လို့ပြောခဲ့တဲ့အချိန်တုန်းက လက်မခံခဲ့မိတာကို အချိန်တန်ရင် ရှင့်ကိုကျွန်မပိုင်ရမှာပဲလို့ထင်ခဲ့မိပြီး အလေးမထားခဲ့မိတဲ့ကျွန်မကိုယ်ကျွန်မလည်းမုန်းတယ်"

"ကျွန်တော်မျိုးတောင်းပန်ပါတယ် မင်းသမီး"

"ရပါတယ် ရှင့်မှာချစ်ရတဲ့သူရှိလာတဲ့အတွက်လည်း ကျွန်မဝမ်းသာပါတယ် ချစ်သူတွေမဖြစ်နိုင်ပေမယ့် ကျွန်မတို့မိတ်ဆွေတွေတော့ဖြစ်နိုင်သေးတယ်မလား"

"ဒီလိုစကားကြားရတဲ့အတွက် ဝမ်းသာပါတယ် မင်းသမီး"

"ဒါဆိုကျွန်မကိုတစ်ခုလောက်ကူညီနိုင်မလား စေ့စပ်ထားတဲ့ကိစ္စကို လောလောဆယ်မှာမဖျက်သိမ်းပေးလို့ရမလား အချိန်တန်ရင် ကျွန်မဖက်ကဖျက်သိမ်းပေးပါ့မယ်"

"ကောင်းပါပြီ မင်းသမီး"

ကယ်ရီ ဧည့်ဆောင်မှထွက်လာသောသူနှစ်ယောက်အားအဝေးမှလှမ်းမြင်ပြီး

SYSTEM 286 (On going)Where stories live. Discover now