Arc 2.5(ယူချင်း)

4.5K 550 7
                                    

Zawgyi

နန်းတော်အနောက်တံခါးဝတွင် အပြင်ဖက်ကိုကြည့်တာ ​တောင်လျှောက်မြောက်လျှောက် လျှောက်နေသောသူတစ်ယောက်...
ဘေးနားမှတံခါးစောင့်သည့်ရဲမက်များကမနေနိုင်သဖြင့်

"စစ်သူကြီး ဘယ်သူ့ကိုစောင့်နေတာလဲခင်ဗျ ညနေကတည်းကစောင့်နေတာဆိုတော့ စစ်သူကြီးညောင်းနေမှာပေါ့ ကျွန်တော်မျိုး ခုံသွားယူပေးရမလားဗျ"

ဝူကျန့်၏အကြည့်စူးစူးအားခံယူလိုက်ရသဖြင့် ထိုရဲမက်ပါးစပ်ပိတ်သွားသည်။
ထိုအချိန်တွင်နန်းတော်တံခါးဝသို့တဖြေးဖြေးလှမ်းလာနေသောအရိပ်တစ်ခု

အနီးကပ်သေချာကြည့်လိုက်သောအခါ လူတစ်ယောက်ထင်းသယ်သည့်လှည်းအားဆွဲလာပုံရသည် တံခါးစောင့်သည့်ရဲမက်မှ

"ဘယ်သူလဲ ရပ်စမ်း "

ကယ်ရီပြန်ဖြေမည်အလုပ် တံခါးနားတွင်စစ်သူကြီးအားတွေလိုက်ရသဖြင့်

"စစ်သူကြီး ကျွန်တော့ကိုလာကူပေးလို့ရမလား ဒီမှာထျန်းခယ် မူးပြီးအိပ်ပျော်နေလို့ "

'နာမည်ခေါ်ရလောက်တဲ့အထိသူတို့နှစ်ယောက်ကဘယ်ချိန်ဒီလောက်ထိရင်းနှီးသွားတာလဲ' ဝူကျန့်ဆက်စဉ်းစားမနေတော့ဘဲ မင်းသား၃အား ကူတွဲပေးလိုက်သည်

နောက်မှရဲမက်နှစ်ဦးကတော့
"မင်းသား၃ ကိုလည်းနာမည်တပ်ခေါ်ပီး ထင်းတင်တဲ့လှည်းပေါ်တင်လာရဲတယ် စစ်သူကြီးကိုလည်း ညနေကတည်းကအပေါက်ဝကနေ စောင့်ခိုင်းရဲတယ် ဒီကောင်လေးရဲ့ရာထူးကဘာများလဲ"

"မဟုတ်မှလွဲရော အိမ်ရှေ့စံလား"

"မဖြစ်နိုင်ဘူး ငါအိမ်ရှေ့စံကိုမြင်ဖူးတယ် ဒီလောက်မငယ်ဘူး "

"ဒါဆိုဘယ်သူများဖြစ်မလဲ "

မင်းသား၃ နန်းဆောင်ရောက်တော့ အထိန်တော်များက "မင်းသားလေး ဘယ်လိုဖြစ်လာတာလဲ မင်းသားလေး သတိထားပါအုံး"  ဟုဆိုကာ အသံညှောင်ညှောင်ဖြစ်အော်နေကြသည်

'ဘာလဲဟ ဟိုကမူးပီးအိပ်ပျော်နေတာကို ဘာကိစ္စပိုပိုကြီးတွေလုပ်နေကြတာလဲ'

ကယ်ရီ ထျန်းခယ်အားအိပ်ယာပေါ်သို့ဂရုတစိုက်ချပေးလိုက်သည် ထိုစဉ်မထင်မှတ်ထားသည်မှာ ထျန်းခယ်ကကယ်ရီအားအားဖြင့်ဆွဲ၍ရင်ခွင်ထဲတွင်ပွေ့ကာ ပါးစပ်မှလည်း "ကလေးလေး ကလေးလေး" ဟုရွတ်နေသည် (AN-ဟိုကသူ့ခွေးနဲမှားနေတာ 😆)

SYSTEM 286 (On going)Onde histórias criam vida. Descubra agora