Zawgyi ~
ကယ်ရီမှတ်တမ်းတင်ထားသည်အားကြည့်ပြီးသည့်နောက်တွင်
"အယ်လ်မီနဲ့ဟိုလူကြီးနဲ့ကဘယ်လိုလုပ်သိနေကြတာလဲ"System: "ကုတင်ပေါ်မှာဆုံဖူးကြတာပါ"
"အဟမ်း....အဲ့ဒီလူနောက်ကိုပါသွားတယ်ဆိုတော့ ငါpointထပ်မရတော့ဘူးပေါ့
point300ပဲယူရသေးတယ်လေ 1000လောက်ရအောင်ယူဖို့စဉ်းစားထားတာကို"System: "Host ကံကောင်းရင်
အဓိကမစ်ရှင်မပီးခင်ဇာတ်လိုက်မကိုထပ်တွေ့ရင်တွေ့မှာပေါ့""မတွေ့ခင်သူက သေသွားရင်ဘယ်လိုလုပ်မလဲ"
System: "အယ်လ်မီကဒီကမ္ဘာရဲ့ဇာတ်လိုက်မ မလို့တော်ရုံမသေနိုင်ပါဘူး အကယ်၍သူနဲ့ထပ်ဆုံခဲ့ရင် pointထပ်ရနိုင်ပါသေးတယ် ဖိုက်တင်း "
Baseကိုပြန်ရောက်သောအခါ ကယ်ရီစကားတစ်ခွန်းမှမဆိုဘဲနှင့်တန်းထွက်သွားခါနီးတွင် သူ၏လက်ကိုဟေးမက်စ်ကဆွဲထားခဲ့သည်
"ခေါင်းဆောင် ဒါဘာလုပ်တာလဲ""မင်းညာလက်ကဒဏ်ရာရထားတာ တစ်ယောက်တည်းအဆင်ပြေမှာမဟုတ်ဘူး "
"မလိုပါဘူး အဆင်ပြေပါတယ်
ကျေးဇူးပါ ""မင်းအဆင်ပြေလည်း ကိုယ်အဆင်မပြေဘူး" ဟုဆိုကာ ကယ်ရီအားဆွဲခေါ်သွားသည်
နောက်တွင်ရှိနေသော အဖွဲ့ဝင်များက ကယ်ရီတို့အားကြည့်ကာ
"ခေါင်းဆောင်က ဇန်ကိုတော်တော်သဘောကျတယ်ထင်တယ် ကြည့်ပါအုံးဂရုစိုက်နေလိုက်တာ""ခေါင်းဆောင်က တစ်ဦးတည်းသောသားမလို့နေမယ် ညီလေးအရမ်းလိုချင်နေတဲ့ပုံပဲ ဇန်လေးကလည်းချစ်စရာလေးမလား"
"ဟုတ်တယ် အဲ့ကောင်လေးကအေးစက်စက်နေပေမယ့် ချစ်စရာလေး "
"လာပါ သွားနားကြရအောင် ဒီရက်ပိုင်းဟိုမိန်းမကြောင့်ငါတို့တွေပင်ပန်းထားတယ်မလား"
အဖွဲ့ဝင်များအသီးသီး သူတို့၏နေရာစီသို့ထွက်သွားကြသည် မိုချီလည်း ဂျိတ်ခ်နောက်သို့လိုက်ကာ
"ဂျိတ်ခ်....ကျွန်တော့်ကိုရောညီမတော်ချင်ဘူးလား ""ရှူး...ရှူး...ရှူး
ငါရုပ်ဆိုးဆိုးညီ မလိုချင်ဘူး""Grrrrrrrrrrrr "
YOU ARE READING
SYSTEM 286 (On going)
Randomကယ်ရီတစ်ယောက် ကလေးငယ်တစ်ဦးအားကယ်တင်ရင်း ကားမတော်တဆဖြစ်ပွားခဲ့ရာမှ System 286 နှင့်ချိတ်ဆက်မိသောအခါ..... ဒီ ficလေးမှာ ကယ်ရီတစ်ယောက် မစ်ရှင်တွေထမ်းဆောင်ရင်း ဘယ်လိုအခက်ခဲတွေ၊ပျော်ရွှင်မှုတွေကြုံတွေ့ရမလဲ နောက်ပြီးအချစ်ကိုဘယ်လိုရှာဖွေတွေ့ရှိမလဲ Title...