Chapter 16/U: Reincarnations and Time Traveling (2)

Start from the beginning
                                    

ကျွတ်....ကျွတ်....စိတ်မကောင်းစရာပဲ။ ငါ့ဘဝက နှစ်ပေါင်းတစ်ထောင်ကတည်းက တော်တော်သနားဖို့ ကောင်းခဲ့သား။
ဒီတစ်ခါရော....ငါ တကယ်ကြီးကံကောင်းနိုင်ပါ့မလား"

လွန်ခဲ့သော အနှစ်တစ်ထောင်ကျော်က ဖြောင်ခေတ်တွင် မင်းသမီး ဥမ္မာနဒီညွှန်းစာမှူးကို မင်းသားသီဟလင်္ကာအနော်မဟာပတေ့​၏မိဘများမှ လူမသိသူမသိ တိတ်တိတ်ပုန်းမွေးစားခဲ့ကြသည်။ မင်းသား​၏မိဘများသည် အင်ပါယာ​၏တောင်ဘက်အရပ်ရှိ လက်အောက်ခံတိုင်းပြည်တစ်ခုသို့ ဧကရာဇ်ဘုရင်​၏အမိန့်တော်အရ သွားရောက်၍ ၁ နှစ်တိတိနေထိုင်ခဲ့ကြပြီးနောက် နေရပ်သို့ ကလေးငယ်တစ်ဦးနှင့် ပြန်လာခဲ့ကြသည်။

ထိုကလေးငယ်အား အင်ပါယာနန်းတော်အတွင်း၌လည်း သူတို့​၏တရားဝင်မင်းသမီးအဖြစ် သတင်းဖြန့်ခဲ့ကြသည်။ ဤအကြောင်းကို မင်းသား သီဟလင်္ကာလေး ၆ နှစ်သားအရွယ်တွင်သိရှိခဲ့ချိန်၌ သူ့တွင် ညီမတော်လေးတစ်ပါးရှိလာသည်ကိုကြားသိရုံနှင့်ပင် လွန်စွာဝမ်းမြောက်ခဲ့သည်။ ပျော်ရွှင်ခဲ့သည်။

မင်းသား သီဟလင်္ကာက သူ​၏ညီမတော်လေး ဥမ္မာနဒီကို ငယ်စဉ်ကတည်းကပင် အတိုင်းအထက်အလွန် ချစ်မြတ်နိုးသည်။ အစိုးရိမ်ကြီးသည်။ ကာကွယ်စောင့်ရှောက်ပေးလွန်းပြီး ထိန်းချုပ်လွန်းသည်။ ဤကဲ့သို့ မောင်နှမနှစ်ယောက်ချစ်ချစ်ခင်ခင်နေလာကြပြီး ကြီးပြင်းလာတဲ့ တစ်နေ့မှာတော့ မင်းသား သီဟလင်္ကာက မင်းညီမင်းသားများအကြား မာနထောင်လွှားလာကာ ရန်ပွဲများနှင့် ဆိုးသွမ်းရမ်းကားလာခဲ့သည်။

ဤကဲ့သို့သောအကြောင်းတရားများကြောင့် မင်းသမီး ဥမ္မာနဒီညွှန်းစာမှူးသည် အစ်ကိုတော် သီဟလင်္ကာအပေါ် စိတ်ကွက်၍ မနှစ်မြို့တော့ပေ။ ထို့ကြောင့် အစ်ကိုတော်ကို သူမဘက်ကနေ စတင်ရှောင်ခွာလာခဲ့သည်။ ယခင်ကလို အစ်ကိုတော်အပေါ် ချစ်ခင်လေးစားခြင်း မရှိတော့ဘဲ ရွံမုန်းလာလေ၊ ညီမတော်ထံမှ အမုန်းများကို ဆက်တိုက်လက်ခံရရှိသော မင်းသား သီဟလင်္ကာအနေနှင့်လည်း ပို၍ဆိုးသွမ်းလာလေ။

နောက်ပိုင်းတွင် မင်းသမီးလေး ဥမ္မာနဒီညွှန်းစာမှူးလည်း ဧကရာဇ်ဘုရင်မင်းမြတ်ဆီ ကိုယ်တိုင်အခစားဝင်ခဲ့​၏။ သူမအား အနောက်နန်းတော်ကြီးအတွင်းရှိ နန်းဆောင်တစ်ခုအား သီးသန့်ပေးသနားတော်မူရန် လျှောက်ထားခဲ့ရာ ဧကရာဇ်မင်းကလည်း သမီးတော်အရင်းနှင့်မခြား ချစ်မြတ်နိုး၍ သဘောတူလိုက်လျောပေးခဲ့သည်။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now