Random Q & A From Readers to Author [Z]

Start from the beginning
                                    

အဲဒါထားပါတော့။
Eternal Sunshine ရေးလက်စတန်းလန်းကိုမှ စိတ်ကူးပေါက်လို့ လက်တန်းကောက်ရေးခဲ့တာ။ ၂၀၂၃ ၊ ၇ လပိုင်းလောက်ကပါ။

ညဘက်အိပ်မပျော်နေတုန်း အတွေးတွေလွန်နေတဲ့အချိန် အဆွေး mood တွေပြည့်နေတဲ့ Eternal Sunshine ကိုရေးရတာ mood ပျက်လာတယ်။ တစ်နည်းအားဖြင့် ငြီးငွေ့လာတယ်။ စာရေးသူရဲ့နဂိုပင်ကိုယ်စရိုက်က 24 hr စခွီထ ဖလန်းဖလန်းအလွင့်လွန်နေတာကိုမှ အဆွေး mood၊ အလွမ်း Mood တွေ ရိုက်သွင်းရတော့ မပျော်ခဲ့ဘူး🥲

အဲဒါကြောင့် Eternal Sunshine ကို လုံးဝ Psychopath၊ Black Flag လုပ်မယ်လို့ရည်ရွယ်ခဲ့ပေမဲ့ မလုပ်ဖြစ်ခဲ့ဘူးရယ်။ အလောင်တွေ၊ အဆွေးတွေ၊ စို့နင့်တာတွေ ခံစားရတာ စိတ်ကျန်းမာရေးထိခိုက်လို့။

အဲဒါနဲ့ပဲ ငါ စခွီအပြည့်၊ fantasy အပြည့်ကိုမှ ရသအစုံအလင်ပါမယ်။ message ကောင်းကောင်းတွေကိုလည်း မျိုးစုံပေးနိုင်မယ့် BL OC တစ်ခုလောက် ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားရေးလိုက်ဦးမယ်ဆိုပြီး ရေးဖြစ်ခဲ့တယ်ကွယ်။

စိတ်ကူးပေါက်ရာလက်တန်းရေးတော့ ဘယ်မှာပြဿနာခဏခဏတက်လဲဆိုရင် update ဖင်ရှည်ကြာသွားတဲ့အခါ တော်တော်လေး ဂယက်ရိုက်ပါတယ်။ ကိုယ်ရေးတဲ့ fic ကို မမှတ်မိလို့ အစကနေ ပြန်ပြန်ဖတ်ပြီး revision ပြန်ရတာမျိုးပါ☺️

အဲဒါကြောင့် အချိတ်အဆက်မမိဖြစ်သွားခဲ့ရင် ဘယ် reader မှ မရိပ်မိခင် တိတ်တိတ်လေး ပြင်နေတတ်ပါတယ်။

အရိုးသားဆုံးဝန်ခံရရင် "ဟယ်ရီရှိန်းနှောင်"လည်း ကိုယ့်ဘာသာနှောင်လို့ပေးခဲ့ပြီး လတော်တော်ကြာမှ ပြန် update တဲ့အချိန် "ဟယ်ရီရှိန်းနောင်" လို့ပဲ တောက်လျှောက်ရေးမိသွားတာပါပဲ 🤣 ဘာပဲဖြစ်ဖြစ် " နှောင်" ရော "နောင်" ရောက ခေါ်လို့ကောင်းပြီး အဆင်ပြေပါတယ်။

Update ကြာခြင်းနဲ့ Revision မပြန်ခြင်း အကျိုးကျေးဇူးတွေပေါ့ရှင်🤓 ပြောရရင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းချည်းပါပဲ။

နဂိုကတည်းကလည်း မနက်စာ ဘာစားခဲ့လဲကို ဒီညပြန်စဉ်းစားရင်း မမှတ်မိတော့တဲ့ ရွှေငါးမှတ်ဉာဏ်ပိုင်ရှင်ဆိုတော့လေ။

R: ဪ....

R: ဘာကြောင့် Fic Title ကို မြန်မာနာမည်နဲ့ အင်္ဂလိပ်နာမည် (၂) မျိုး ပေးထားတာလဲ သာသာ။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now