Chapter 14/ U : Don't you know that I'm in love with a monster?

Start from the beginning
                                    

"အေးဆို။ မော်ဒန်ခေတ်စကားသုံးရရင် ငါတို့ဖြောင်ခေတ်က နှုတ်ခမ်းမွှေးတွေကို တော်တော်လေး ခရေဇီ (crazy) ဖြစ်ခဲ့ကြတယ် ကောင်လေးရ"

"အဲ့အမွှေးပြိုင်ပွဲအကြောင်း သမိုင်းဖတ်စာအုပ်ထဲမှာတော့ မပါခဲ့ပေမဲ့ လူကြီးမိဘတွေဆီကတော့ ကြားဖူးနားဝရှိပါရဲ့။ တကယ်ကြီး မထင်ထားခဲ့တာ။"

"အင်း...ငါ့နှုတ်ခမ်းမွှေးတောင် ပထမဆုရဖူးတယ်။ ပျင်းလို့ဝင်ပြိုင်ရင်း..."

"ဆရာဒုံရဲ့ဘောမွှေးနဲ့ရော ဝင်မပြိုင်ဘူးလား။ အထူးဆုရလောက်မှာ သေချာတယ်။"

စာအုပ်ကြီးလည်း မျက်နှာပြောင်နေသော ငရှိန်း ကို မျက်စောင်းတစ်ချက်ထိုးလိုက်လျက်။ ထို့နောက် ဟယ်ရီရှိန်းနောင်၏ခေါင်းကို သူ့စာအုပ်ကိုယ်ထည်နှင့် စိတ်ရှိလက်ရှိ တစ်ချက်တည်းနှင့် ထုရိုက်ပစ်လိုက်သည်။ ၎င်းထုရိုက်မှုထဲတွင် မကျေနပ်ချက်ပါဝင်ခဲ့သဖြင့် ထုရိုက်ခံရသူအဖို့တော့ ထိချက်ပြင်းလိမ့်မည်။

"အ....နာတယ်ဗျ။ အား...ကျွတ် ကျွတ်"

စာအုပ်ကြီး၏လက်ချက်ကြောင့် ဟယ်ရီရှိန်းနောင်လည်း ခေါင်းပတ်လည်တွင် ကြယ်များ၊ လများကခုန်နေခဲ့ရင်း အီစလန်ဝေသွားသဖြင့် ဝေဒနာသက်သာစေရန်အလို့ငှာ လက်နှင့် ပွတ်ဖိနေရတော့သည်။ ထိုစဥ် စာအုပ်ကြီးမှာ ငရှိန်း၏နှုတ်ခမ်းပေါ်မှာ အနာဖြစ်ပြီး အနည်းဖူးရောင်နေသည်ကို မြင်ရသဖြင့် မျက်မှောင်ကြုတ်သွားလျက်။

"မင်း နှုတ်ခမ်းက ဖားပြုပ်ကြီး ပျားတုပ်ခံထားရသလို ဖူးရောင်နေတယ်။ မဟုတ်မှလွဲရော ငါတို့ရဲ့ရွှေမင်းသားလေးက မင်းရဲ့နှုတ်ခမ်းကို ဘာတွေလုပ်ထည့်လိုက်လို့လဲ။"

"သိချင်ရင် သူ့ကိုသွားမေးကြည့်ပါလားဗျာ..."

ဟယ်ရီရှိန်းနောင်က မျက်နှာမှုန်ကုတ်ကုတ်နှင့် ဘုဆတ်ဆတ်ဖြေသည်။ စာအုပ်ကြီးကမူ သက်ပြင်းချလိုက်ရင်း...

"နေပါစေတော့။ ဆရာကို ဆရာလို့မမြင်နိုင်တော့တဲ့ တပည့်တစ်ယောက်နဲ့ စကားများများမပြောချင်ဘူး။ အာရုံနောက်တယ်။ "

မျက်နှာအနည်းငယ်ပျက်သွားသော စာအုပ်ကြီး​၏ပုံစံကို ဟယ်ရီရှိန်းနောင်လည်း ရိပ်မိသည်။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now