Chapter 13/U : I'll be always yours, my baby King

Start from the beginning
                                    

"မိန်ဓိရာဇ်...မင်းလိုမျိုး သန္ဓေမကောင်းခဲ့တဲ့ကောင်တွေဆိုတာ ငရဲကနေပြန်လွတ်လာရင်တောင် အမှတ်သည်းခြေရှိကြတာရှားတယ်။ မင်းလည်း လူပြန်ဝင်စားပြီး တူညီတဲ့အမှားမျိုးတွေ ထပ်မလုပ်နိုင်ဘူးလို့ အာမခံချက်မရှိဘူး။"

ထိုစကားက မိန်ဓိရာဇ်​၏သည်းခံနိုင်စွမ်းကို နောက်ထပ်စိန်ခေါ်နေသကဲ့သို့ပင်။ မိန်ဓိရာဇ်လည်း ရင်ခေါင်းထဲကနေ ဆန်တက်လာသော သက်ပြင်းလုံးကြီးကို ဟင်းခနဲ ချပစ်ရင်း....။

"ငါကလေ ဒီဘဝမှာ သူများသားသမီးတွေကို ပန်းကောင်းအညွန့်မချိုးနေသလို မွေးကတည်းက အချိန်တိုင်း ငါ့ဝါသနာတွေနဲ့ ပျော်ပျော်ကြီးဖြတ်သန်းနေတဲ့ကောင်။ ငါ သူများတွေကို ထိခိုက်လိုစိတ်နဲ့ မရှင်သန်ခဲ့ဖူးဘူး။ သူများတွေ ငါ့ကိုဘယ်လောက်ကြီးပဲ လာထိခိုက်ပါစေ...ငါက ပါးစပ်ကသာ အဆဲသန်မယ်။ ဘလိမ်းချင် ဘလိမ်းမယ်။ လက်တွေ့မှာတော့ ဘယ်သူ့ကိုမှ ရန်မလိုဖူးသလို မယုတ်မာဖူးဘူး။

ငါ့မှာ အိပ်မက်တွေ၊ ရည်မှန်းချက်တွေ အများကြီးရှိခဲ့တယ်။ တက္ကသိုလ်ပြီးသွားရင် ငါ့မိဘကို ငါအလုပ်အကျွေးပြုရင်း ငါ့ဝါသနာတွေ အားလုံးဆက်လုပ်မယ်လို့ စိတ်ကူးရှိခဲ့တယ်။"

မိန်ဓိရာဇ်ထံမှ မကျေနပ်ချက်များအား ခံပြင်းမှုနှင့်အတူ အစဉ်လိုက်ပြောဆိုနေသော စကားလုံးများကို ရာဇသိင်္ဂါဘက်က ကြားရလျှင် အပြုံးတစ်ခုပေါ်လာပြန်သည်။ ထိုအပြုံးထဲတွင် အထင်အမြင်သေးပြီး ရွံမုန်းမှုများ တိမ်မြုပ်နေ​၏။ တစ်နည်းအားဖြင့် မိန်ဓိရာဇ်​၏စကားအားလုံးကို ဆက်တိုက်ပြန်လည်တုံ့ပြန်ရန် အရှိန်ယူနေခဲ့ခြင်းဖြစ်သည်။

"ငါ့မှာ ဒီိလိုမျိုးအတွေးတွေပဲရှိခဲ့တယ်။ ခုတော့ မင်းရဲ့ကလဲ့စားစီမံကိန်းကြီးကြောင့် အကုန်ပျက်စီးသွားပြီ။ ဒါပေမဲ့ ငါရှင်သန်ချင်သေးတယ်။ ဒီစိတ်နဲ့ပဲ ငါ ဆက်ကြိုးစားရှင်သန်နေတာ။

မင်းလည်း ဒီကမ္ဘာမရောက်ခင်မှာ ကိုယ်ပိုင်ဘဝတစ်ခုရှိခဲ့တယ်မလား။ မင်းမိသားစုကို မင်းမလွမ်းဘူးလား။"

"ငါ့မိသားစုလို့ သတ်မှတ်ထားတာ ဖြောင်ခေတ်က ငါ့မိသားစုနဲ့ ဖြောင်ပြည်သူတွေပဲရှိတယ်။ ငါ လူပြန်ဝင်စားလာတဲ့ဘဝတွေမှာ မိသားစုတွေရခဲ့ပေမဲ့ သူတို့တွေနဲ့ ရင်းရင်းနှီးနှီး မနေခဲ့ဖူးဘူး။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now