အပိုင်း(၁)

445 20 0
                                    

(Unicode)

K..
ရိုးရိုးရှင်းရှင်းနှင့် မထူးခြားသော အမည်တစ်ခု။
နိုင်ငံခြားစပ်သွေးနှောကာ နတ်သားတစ်ပါးအလား ကြော့ရှင်းလှပသောကောင်လေးတစ်ယောက်။ သို့သော် သူကတော့ သူ့ရုပ်သွင်လို သန့်ရှင်းစင်ကြယ်သော လူတော့မဟုတ်။ one night stand ပေါင်းများစွာထံမှ ပိုက်ဆံရယူပြီး ပျက်စီးနေသော ကောင်ငယ်လေး။

သူဆိုသော Kက ဤအလုပ်ကို ဝါသနာပါ‌၍ လုပ်ကိုင်နေသူ သူဌေးသား တစ်ဦးပေပင်.......။အခုလဲ one night stand တစ်ယောက်နှင့် ကိစ္စပြီးလို့ Hotel က ထွက်လာတော့ နေ့လယ်ပင် ရောက်နေလေပြီ။

မိမိတိုက်ခန်းကို taxi ငှါးပြီး ပြန်လာကာ တိုက်အောက်က mini market မှ ခေါက်ဆွဲခြောက်တွေ ဝင်ဝယ်ပြီး တိုက်ခန်းပေါ် တက်လာလိုက်သည်။

ခေါက်ဆွဲကို အမြန်ပြုတ်ကာ ဗိုက်ဖြည့်လိုက်ပြီးနောက် ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်က ချက်ချင်းငိုက်မြည်းလာတော့သည်။

အိပ်ရာပေါ် ထိုးအိပ်ချလိုက်ပြီး နောက်မှာတော့ သူ့ခန္နာကိုယ်ကို အနားပေးလိုက်သည်။

*တီ..တီ..တီ..*

ဖုန်း alum သံ တတီတီကြောင့် K ပြန်နှိုးလာတော့ ညနေစောင်းနေပြီ။

အလုပ်လည်း သွားကြည့်ရဦးမည်ဖြစ်၍ အိပ်ရာထဲမှ လူးလဲထကာ ရေချိုးခန်းထဲ ရေချိုးသန့်စင်ပြီးတော့ အဝတ်စားလဲလိုက်သည်။

နောက် ပိုက်ဆံအိတ် ၊ဖုန်း တို့ကိုယူပြီး အလုပ်ကို ထွက်လာခဲ့တော့သည်။

"Welcome from Devil Club"

လျှပ်စစ်မီးရောင်စုံ ပြေးနေသည့် ဆိုင်းပုဒ်
ကို သူ ငေးကြည့်မိသည်။

"မင်္ဂလာပါ boss."

တံခါးပေါက်စောင့် ကောင်လေးက သူ့ကို ဦးညွတ်ပြီး နှုတ်ဆက်သည်။

ဟုတ်ပါသည် ။သူက ဒီ club ပိုင်ရှင်ပင်...။

အပေါက်စောင့် ကောင်လေးကို ခေါင်းငြိမ့်အတည်ပြုပြပြီး club ထဲ ဝင်လာလိုက်သည်။

နောက် အရက်စပ်သည့် ကောင်တာတွင် ထိုင်ပြီး အရက် တစ်ခွက်မှာကာ ကလပ်တွင်းသို့ ငေးမောနေမိသည်။

I Love Both Of You Two (Complete)Where stories live. Discover now