Chapter 11/U: Empire Conference (2)

Começar do início
                                    

"ဘုန်းတော်ကြီးမြတ်လှပါသော အရှင်ဧကရာဇ်မင်းတရားကြီးဘုရား....ကျွန်တော်မျိုးမိန်ဓိရာဇ်အား ဆင့်ခေါ်သည်ဆို၍ အမိန့်တော်မြတ်အတိုင်း ဧကရာဇ်မင်းတရားကြီးရှေ့မှောက်သို့ ရောက်ရှိလာပါကြောင်း လျှောက်တင်အပ်ပါသည်ဘုရား"

(မိန်ဓိရာဇ်။ ။ အမလေးဟ....စကားတစ်ခွန်းပြောရတာ လျှာလေးပြီး မောလိုက်တာ။ ရှေးခေတ်နန်းတွင်းစကားပြောတွေ အသုံးအနှုန်းတွေက တော်တော်လေးကိုဖင်ရှည်ပြီး ပုံကြီးချဲ့ကြတာပဲ။ )

(စာအုပ်ကြီး။ ။ ဒါတော်သေးတယ်ပြောရမှာ။ တကယ်လို့ဘုရင်ကများ စိတ်ဆိုးဒေါသထွက်နေပြီဆို စာအကွန့်အညွန့်ပေါင်းစုံနဲ့ မျက်တော်ပြေအောင် ချော့မြူရမယ်ဆို မပြီးနိုင်တော့ဘူး။)

(မိန်ဓိရာဇ်။ ။ တော်ပါပြီ။ သားဖြစ်သူတောင် စိတ်ဆိုးနေရင် ချော့ဖို့ခက်တာ။ သူ့အဖေဆိုရင်တော့ ပိုဆိုးမှာ။)

(စာအုပ်ကြီး။ ။ မင်း ယောက္ခထီးပဲလေ...စိတ်ရှည်လိုက်ပေါ့ ဟားဟား)

စာအုပ်ကြီးက ရယ်မောလိုက်လျှင် မိန်ဓိရာဇ်က မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ ထို့နောက် ရာဇပလ္လင်တော်ပေါ်၌ အခန့်သားထိုင်နေသော ရာဇသိင်္ဂါ​၏မျက်နှာအနေအထားကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။ ထိုအခါ ရာဇသိင်္ဂါမှာ မှင်သေနေသည့် သွေးအေးမျက်လုံးများနှင့် ပြုံးယောင်သမ်းနေသယောင်ဟန်။

(မိန်ဓိရာဇ်။ ။ သူ့မျက်ခွက် ကြည့်ရတာတော့ ပုံမှန်ပဲနော်...ဒါပေမဲ့...ကျွန်တော့်ကိုကြည့်နေတဲ့ သူ့အကြည့်တွေကနေခံစားမိတာ ကံဆိုးမိုးမှောင်ကျတော့မလိုပဲ။ )

(စာအုပ်ကြီး။ ။ စိတ်အေးအေးသာထား....မင်းဘက်ကကြောက်နေရင် ပိုဖြဲကြောက်လိမ့်မယ်။ သူဘာလုပ်လုပ် အတတ်နိုင်ဆုံး အကောင်းဘက်ကနေကြိုးစားတွေးပြီး သည်းခံထား။ သူ မင်းကိုဖင်ချနေရင်တောင်မှပေါ့။)

(မိန်ဓိရာဇ်။ ။ဪ.... သူအချမခံရတိုင်း....)

စာအုပ်ကြီး​၏ဖြောင်းဖြမှုတွေကြားပြီးနောက်မှာတော့ မိနိဓိရာဇ်တစ်ယောက် တရားပေါက်သွား​၏။ ထို့နောက် ဧကရာဇ်မင်းက စကားစသည်။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Onde histórias criam vida. Descubra agora