472 44 20
                                    

{ Unicode }

" ရော့... ဒါမင်းမနက်ဖြန် အိမ်ထောင်ဘက်တွေ့မယ့် ကောင်လေးပဲ...."

မေကမ်းပေးလာတဲ့ ဓာတ်ပုံကို ယွန်းဂီ လှမ်းယူကာကြည့်လိုက်တော့  အနောက်တိုင်းဝတ်စုံကိုလိုက်ဖက်စွာဝတ်ထားတဲ့ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရတယ် ။

နဖူးပေါ်ကိုဝဲကျနေတဲ့ ဆံပင်မည်းမည်းလေးရယ် မျက်လုံး ဝိုင်းဝိုင်း တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းဖူးဖူးလေးရယ်နဲ့ကောင်လေးဟာ ချစ်စရာကောင်းတယ်ဆိုတာကိုတော့ ယွန်းဂီ အသိအမှတ်ပြုမိတယ်

" ကောင်လေး နာမည်က ပတ်ခ်ဂျီမင်တဲ့... မင်းနဲ့ရွယ်တူပဲ... Park လုပ်ငန်းစုကို သူပဲဦးစီးနေတာ မင်းထပ်အများကြီးသာတယ်...."

အဖေကပါ ဝင်ပြီးချီးကျုးစကားပြောနေတာကြောင့် ယွန်းဂီ နည်းနည်းတော့ စိတ်ထဲကျေနပ်ဖြစ်သွားရတယ် ။ သို့သော်လည်း ချစ်စရာကောင်းတဲ့ ထိုကောင်လေးရဲ့ဓာတ်ပုံကိုတော့ လက်ထဲကမချနိုင်ခဲ့ပေ

" မနက်ဖြန်မနက် ၁၀ နာရီနော် အချိန်အတိအကျသွားဦး...."

" ဟုတ်ကဲ့ပါ...."

ထိုစကားကိုပြောပြီးနောက် ယွန်းဂီ ဓာတ်ပုံကိုကိုင်ကာ သူ့ရဲ့အခန်းဆီသွားလိုက်တယ်အခန်းထဲရောက်တော့ ပတ်ခ်ဂျီမင်ဆိုတဲ့ နာမည်ကို နှုတ်ကခပ်ဖွဖွရွတ်ပြီး ဓာတ်ပုံကိုနောက်တစ်ကြိမ်ထပ်ကြည့်လိုက်မိတယ်

Eternity LoveWhere stories live. Discover now