Chapter 6/Z: A Pawn in the Chess

Start from the beginning
                                    

စာအုပ်ကြီးပြောတုန်းက ငါ့မှာမကောင်းဆိုးဝါးစွမ်းအားတွေ ရထားသလိုလိုနဲ့ဆိုတော့...ငါ မကောင်းဆိုးဝါးစွမ်းအားတွေလည်း သင်ချင်စိတ်မရှိဘူး။ စိတ်လည်း မဝင်စားနေဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ငါ့မှာ မှော်ပညာဖြူစွမ်းအားတွေ ရှိနေသင့်တယ်မလား။ အထူးသဖြင့် အသက်အန္တရာယ်ကြုံလာခဲ့ရင် ငါ့ကိုယ်ငါ ကာကွယ်ဖို့အတွက်လေ။

နောက်ပြီးတော့ မင်း....မင်း....ငါ့ရဲ့....အပျိုစင်ဘဝကို ယူလိုက်တော့ ခု ငါနဲ့....မင်းနဲ့က.....ဘာတွေလဲဟင်။"

မေးခွန်းများစွာအား တတွတ်တွတ်မေးနေသော မိန်ဓိရာဇ်ကြောင့် ရာဇသိင်္ဂါမှာ စိတ်မရှည်နေခဲ့ပေ။

"စောက်ရမ်း အမေးထူလိုက်တာ။ မေးသွားတဲ့မေးခွန်းအားလုံးကို မဖြေပေးနိုင်ဘူး။ သဲလွန်စပေးရရင်တော့...ဟုတ်တယ်။ ဒီကမ္ဘာက မင်းကို ငါ ကလဲ့စားချေဖို့ ဖြစ်တည်လာတာပဲ။"

ထိုစကားကိုကြားကြားချင်း မိန်ဓိရာဇ်မှာ ဂလုခနဲ တံတွေးကို မျိုချရင်း တင်ပါးကျုံ့သွားသည်။ ရာဇသိင်္ဂါကတော့ မိန်ဓိရာဇ်ကို စူးစိုက်ကြည့်နေပြီး ဆက်စကားပြောသည်။

"ပြီးတော့ ငါနဲ့မင်းက...." (ရာဇသိင်္ဂါ)

"လင်မယားတွေပေါ့" (ကြားဖြတ်ပြောလိုက်သော စာအုပ်ကြီး)

"လင်....လင်မယားတွေတဲ့လား။ ဪ...ဒါဆို မင်းကို ယောကျာ်းလို့ခေါ်ရမှာပေါ့။" (ရုပ်တည်နှင့် မေးနေသော မိန်ဓိရာဇ်)

"တိတ်စမ်း။ အဲဒီလို မခေါ်နဲ့...." (ရှက်သွေးဖြန်းနေသော ရာဇသိင်္ဂါ)

"မင်းက ဘယ်လိုခေါ်ခံချင်လို့လဲ။ မောင်တော်ဘုရားလို့ ခေါ်ခံချင်နေတာလား။ ဒါမှမဟုတ် ၂၁ ရာစုကလူတွေလို အချစ်ရေ...ကိုရေ...မောင်ရေ...Baby ရေလို့...." (ရင်ကြားစေ့သံတမန်လုပ်ပေးနေသော စာအုပ်ကြီး)

"တိတ်စမ်းဆိုနေ။ ဘယ်လိုမှ လာမခေါ်နဲ့။ ငါက သူ့ယောကျာ်း မဟုတ်နေဘူး။ ငါက သူ့ရဲ့သခင်ပဲ။ သူက ငါ့ရဲ့စစ်တုရင်နယ်ရုပ်တစ်ရုပ်လိုဖြစ်လာမှာ။ " (ရှက်ရမ်းရမ်းကာ ဟောက်စားလုပ်နေသော ရာဇသိင်္ဂါ)

ရာဇသိင်္ဂါက ရှက်ကိုးရှက်ကန်းဖြစ်နေရာမှ မိန်ဓိရာဇ်​၏လည်ပင်းကို ဆတ်ခနဲ အားပြင်းပြင်းနှင့်ကိုင်ခဲ့သည်။ ထို့အပြင် မာရည်ကြောရည်နှင့် အော်ငေါက်ပြောဆိုခဲ့လျှင် မိန်ဓိရာဇ်ကမူ ဒေါသမထွက်နေသော ရာဇသိင်္ဂါ​၏လက်များကို ညင်သာစွာ ဆုပ်ကိုင်ထားခဲ့သည်။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now