trust me ~ 30. Final

1.3K 125 28
                                    


Uni

ဟန်ဘင်းနဲ့ ဟာအိုရဲ့ အဝတ်အစားတွေကို
Luggage အကြီးကြီးတစ်လုံးထဲတွင် စုထည့်ထားပြီး ကလေးနှစ်ယောက်ရဲ့ အဝတ်အစားတွေနဲ့ သားငယ်ရဲ့အရိုးပြာအိုးကိုတော့ luggage အသေးလေးထဲတွင် စုထည့်ထားလိုက်သည်။ ဖူကျန့်ကို တစ်ပတ်လောက်သွားနေ ကြမည်ဖြစ်၍ အဝတ်အစားတွေက များလွန်းတာကြောင့် အိတ်အပိုလေးတစ်လုံးနဲ့ပါ
ထပ်ထည့်ရသေး၏။

ကလေးတွေကတော့ မနက်စောစောထရမည်ဖြစ်တာကြောင့် စောစောအိပ်ယာဝင် ခိုင်းလိုက်သည်။ တစ်ဖက်ခန်းမှာ အိပ်ပျော်နေတဲ့ ကလေးနှစ်ယောက် မနိုးအောင် ဖွဖွလေး ပြင်ဆင်နေရ၏။ ခြေငါးလှမ်းလောက်ကိုကောင်း ကောင်း လျှောက်နိုင်ပြီဖြစ်တဲ့ သမီးလေးက တစ်နှစ်နဲ့ခြောက်လသားအရွယ် ရောက်နေပြီပင်။ စကားကိုလဲ မပီတပီပြောတတ်နေပြီဖြစ်သည်။ အအိပ်လဲ ဆတ်သလို လန့်နိုးသွားရင်လဲ ပြန်သိပ်ဖို့မလွယ်တာကြောင့်သတိထားပြီးလုပ်နေရ၏။

အသုံးအဆောင်ပစ္စည်းတွေကို အိတ်တစ်အိတ်ထဲ ထည့်နေတဲ့ ဟန်ဘင်းရဲ့ နောက်ကျောပြင်ကို ဟာအိုတွေတွေလေး
ကြည့်နေမိသည်။ မွေးရပ်မြေကို ပြန်ရမှာဖြစ်ပေမယ့် စိတ်ထဲတင်းကျပ်ကာ နေလို့မကောင်းပါ။ ခြေလှမ်းကိုဖွဖွလှမ်းပြီး ဟန်ဘင်းရဲ့ ခါးကိုအနောက်မှနေ၍ ဖက်လိုက်သည်။ မောင့်ရဲ့ကျောပြင်ကျယ်ထဲ မျက်နှာဝှက်လို့ စိတ်ညစ်ညူးမှုအား ဖြေဖျောက်မိသည်။

ရုတ်တရက် ခါးပေါ်ရောက်လာတဲ့ လက်လေးကြောင့် ဟန်ဘင်းကြောင်အနေမိသည်။ နောက်ကျောဘက်မှ သက်ပြင်းချသံ တိုးတိုးလေးက သူ့အား စိတ်ပူစေ၏။ လက်လေးကိုဆုပ်ကိုင်ထားလိုက်သည်။

" အဘွားရဲ့ဝိညာဥ်က ငါ့ကိုခွင့်လွှတ်ပါ့မလား
မောင်...''

" ခွင့်မလွှတ်နိုင်စရာ အမှားမျိုး ဟာအိုကမှ
မလုပ်ထားပဲကွာ...''

" ငါအဘွားရဲ့ နောက်ဆုံးအချိန်မှာလဲ ရှိမနေပေးနိုင်ခဲ့သလို စျာပနပွဲကိုတောင် မစီစဥ်ပေးနိုင်ခဲ့ဘူးမဟုတ်လား.. ''

လက်လေးကို ဆုပ်ကိုင်ထားလျက်နှင့် ဟန်ဘင်းအနောက်သို့ လှည့်လိုက်သည်။ နီနီရဲရဲ
မျက်နှာလေးက အရမ်းကိုမှ ဝမ်းနည်းကာ
ငိုတော့မလိုဖြစ်နေ၏။ ထိုမျက်နှာ​လေးအား
ဟန်ဘင်းအုပ်ကိုင်လိုက်သည်။

~ TRUST ME ~Where stories live. Discover now