trust me ~ 29.

927 106 44
                                    


Uni

" ဟဲ့က​လေးတွေ ဒါကဘာလုပ်ကြတာလဲ ''

ဆိုဖာပေါ်ထိုင်နေရာမှ ကြမ်းပြင်ပေါ်သို့ ဆင်းထိုင်ကာ ဒူးထောက်လျက် မျက်နှာငယ်လေး လုပ်နေကြတဲ့ သားဖြစ်သူနဲ့ အိမ်နီးချင်း
ကောင်လေး ဂွန်းနုတို့ကိုကြည့်ပြီး သူမမေးလိုက်သည်။ သူမရဲ့ အမေးမှာ ဟန်ယူဂျင်းကတော့ ဆောင်းတွင်းရောက်နေသလို တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေ၏။

ကိုကိုဂွန်းနုကို ပေးထားတဲ့ ဂတိအတိုင်း ဟာအိုဟျောင်းတို့ ကလေးမွေးတာနဲ့ မေမေ့ကိုသူတို့ တွဲနေကြောင်း ဖွင့်ပြောရတော့မှာပင်။ အမြွှာကလေး တစ်ယောက်အဖတ်မတင်ဘူးဆိုတဲ့ သတင်းကြားပြီးထဲက စိတ်မကောင်းဖြစ်လို့တောင် မဆုံးသေးဘူး ချက်ချင်းကို မိဘတွေကိုဖွင့်ပြောမယ့်အရေး ဒို့အရေးလုပ်နေလေသည်။

ကိုကို့မိဘတွေကိုတော့ ယူဂျင်းတောင်ပါစရာမလိုဘဲ ကိုကို ကိုယ်တိုင်ပြောထားပြီးနှင့်ပြီဖြစ်သည်။ သူတို့က ယူဂျင်းနဲ့ဆို လွတ်လွတ်လပ်လပ် တွဲဖို့နဲ့ တင်တောင်းဖို့လဲ အဆင်သင့်ဆိုပဲ။ သားဖြစ်သူနဲ့ ယောက္ခမလောင်းတွေက
တစ်ကျိပ်တည်း တစ်ဉာဏ်တည်း။ ဒါဖြင့်
ယူဂျင်းဘဲ မေမေ့ကိုပြောရန် ကျန်တော့ သည်။ ဘယ်ကနေစပြောရမှန်းလဲမသိပါ။
ယူဂျင်းမေမေ့ကို ချစ်ကြောက်ရို​သေသည်။

ဖေဖေမရှိထဲက အဖေလိုရော အမေလိုရော ယူဂျင်းကိုစောင့်ရှောက်ပေးခဲ့တာဖြစ်၍ မေမေစိတ်အနှောင့်အယှက် ဖြစ်မှာကိုမလိုလားပေ။ ငယ်ရွယ်ချိန်မှာ ပညာရှာရမယ် အချစ်ရေးဆိုတာမစဥ်းစားနဲ့လို့ မေမေကအမြဲပြောနေကြမဟုတ်လား။ ခုလိုယူဂျင်းက ဒီအရွယ်နဲ့ရည်းစားထားနေတာသာ သိရင်မေမေဆူမှာ။ ခုလဲ ယူဂျင်းတို့ကိုကြည့်ပြီး မေမေမျက်နှာက ခပ်တည်တည်ကြီးဖြစ်လာလေပြီ။

" မေမေ မေးနေတယ်လေ ဘာလုပ်ကြတာလဲလို့ ''

" ဟို...ဟို မေမေ...ဟိုလေ ''

ကြောက်အားလန့်အား ဖြစ်နေ၍ ယူဂျင်းစကားတွေထစ်နေသည်။ ထိုစဥ် ပေါင်ပေါ်တင်ထားတဲ့ ယူဂျင်းရဲ့လက်လေးကို ဂွန်းနုဆုပ်ကိုင်လိုက်​လေသည်။ လက်ဖဝါးပြင်သေးသေးလေးက လက်ဖဝါးပြင်အကြီးကြီးထဲ အံဝင်ခွင်ကျ။ စိုးရိမ်ကြောက်လန့်နေတာချင်းတူပေမယ့် ကိုကို့လက်ဖဝါးတွေက
ယူဂျင်းလိုမဟုတ် နွေးနွေးလေးပင်။ အေးခဲနေမှုကို တဒင်္ဂ သက်သာစေ၏။

~ TRUST ME ~जहाँ कहानियाँ रहती हैं। अभी खोजें