trust me ~ 5.

1K 125 11
                                    

Uni

" မောင်...ငါမနက်ဖြန် ဆေးစစ်ဖို့ ဖူကျီယန်ကိုသွားရမယ်နော်...ငါအားလုံးပြင်ပြီးပြီ ''

" စာမေးပွဲက နီးနေပြီလေကွာ...ကျန်းမျိုးရိုး ကဒါတောင်နားမလည်ဘူးလား ''

" မောင်ကလဲငါ စာတွေလဲရနေပါပြီ ...ပြီးတော့ ငါတို့မျိုးရိုးက လိုအပ်လို့စစ်ခိုင်းတာလေကွာ.. အရင်လိုတစ်ပတ်ပဲဟာကို ''

" အဲ့တစ်ပတ်လုံး မောင်ဟာအို့ကိုဘယ်လောက်လောက်လွမ်းနေရမယ်ဆိုတာ မသိဘူးလားပြောပါအုံး...''

ကန်တင်းကနေ့လည်စာတွေကို တူနဲ့ဟိုထိုးဒီထိုးလုပ်ပြီး စားခြင်းလဲမရှိ။ မျက်နှာကလဲ မှုန်ကုပ်နေကာ လိုချင်တာမရတဲ့ကလေးလို။ ဟာအိုသဘောတကျရယ်တာကိုမြင်တော့..

" မောင့်ကိုလှောင်နေတာလား...ဟာအို ''

" ငါ့ကလေးလေးက ချစ်စရာကောင်းလို့ပါနော်..''

" ချစ်လား မောင့်ကို...''

" ဘယ်လိုမေးလိုက်တာလဲ...ချစ်တာပေါ့ ''

" ချစ်ရင် ခဏခဏမောင့်ကို ပစ်မထားနဲ့လေကွာ...''

ဟာအိုဆက်ပြီးစားချင်စိတ်လဲမရှိတော့တာမို့ မောင့်ပခုံးကိုခေါင်းမှီလိုက်​တော့ ဟာအို့ရဲ့ခေါင်းလုံးလုံးလေးကို မောင်ကရှုံ့နမ်းလာသည်။

" တစ်နေ့ကျမောင်နဲ့ငါ လက်ထပ်ပြီး မောင်နဲ့တူတဲ့သားလေးကို ကောင်းကောင်းမွေးနိုင်ဖို့ ဆေးစစ်ဖို့လိုတယ်လေ မောင်ရယ် ..ငါ့ကိုနားလည်ပေးနော်...''

ဟာအို့ဆီကဒီလိုစကားမျိုးကိုကြားရတိုင်း ဟန်ဘင်းရူးမတတ်ပဲ။ အရွယ်သာ မရောက်သေးတာ ဖခင်စိတ်တွေကတော့ နှစ်ယောက်လုံးမှာအပြည့်ရှိနေကြပြီ။ ဟာအိုကသန္ဓေတည်နိုင်တယ်လို့ သိလိုက်ရတဲ့ အချိန်ထဲက ဘွဲ့တောင်မရသေးဘူး လက်ထပ်ချင်နေပြီပင်။ ပြီးလျှင် ဟာအိုနဲ့အတူမိသားစုဘဝလေးကို တည်ဆောက်ရင်း ဘဝကိုဖြတ်သန်းသွားချင်သည်။

ဟာအိုက သုံးလတစ်ကြိမ် ဖူကျီယန်ကို ပြန်ကာ မျိုးရိုးပိုင်သမားတော်နဲ့ သန္ဓေလမ်းကြောင်းဆိုင်ရာ ကိုဆေးစစ်ပေးရသည်။ ထိုအချိန်တွင်လဲ ကျောင်းကိုတစ်ပတ်လောက်ခွင့်ယူရသည်။ စာတော်တဲ့ကျောင်းသားမို့ တက်ခဲ့သမျှကျောင်းတိုင်းက လိုအပ်လျှင်လိုအပ်သလို ခွင့်ပေးလေသည်။
ဖူးပွင့်စ အရွယ်ကောင်းလေးမို့ ဆေးစစ်ချက်အဖြေတိုင်းက ကောင်းမွန်ကြသည်။

~ TRUST ME ~Where stories live. Discover now