trust me ~ 27.

904 102 48
                                    


Uni

" ကားကိုပြန်လှည့်ပေးပါ ''

" ဗျာ သခင်လေး ပြန်လှည့်လို့မဖြစ်ပါဘူး ''

" ချွမ်း...ချွမ်းရဲ့ ပါးနဲ့မားမျှော်​နေရမှာပေါ့ ''

" အကို...ကျွန်တော် မထင်ဘူးနော် ''

ရှန်အိမ်တော်တောင် ရောက်တော့မှာကို
လှည့်ပြန်ဖို့မဖြစ်သေးပါဘူးလေ။ ခေါ်တဲ့သူက ခေါ်နေတာကို တွေ့ဖို့မသွားရင် ဘယ်
ကောင်းပါ့မလဲ။ ချွမ်ရွေ့ရဲ့စိတ်ကို ထယ်ရယ်သိသည်။ထယ်ရယ့်ကို ထိပါးလာမှာစိုး၍ သူ့မိဘတွေနဲ့တွေ့ဖို့ကို ခါးခါးသီးသီးဖြစ်နေတာ။ အဲ့လိုမျိုးတစ်သက်လုံး မတွေ့ဘဲရှောင်နေမယ်ဆိုရင် ချွမ်ရွေ့က မိဘတွေအတွက် အရမ်းဆိုးသွမ်းတဲ့ သားလိုဖြစ်နေမှာ။ ထယ်ရယ်က လွဲရင် တခြားဘယ်သူ့အမြင်မှာမှ လူဆိုးကောင်လေးဖြစ်လို့မရဘူး။ ထယ်ရယ့်အတွက်တစ်ဦးတည်းသော လူဆိုးလေးပဲဖြစ်ရမှာ။

ရှန်သခင်မရဲ့ စိတ်ဓာတ်ရေးရာက မောက်မာ
တယ်ဆိုပေမယ့် သူ့သားကိုတော့ သိပ်ချစ်တယ်ဆိုတာ ထယ်ရယ်သိပြီးသားပါ။ သားဖြစ်သူရဲ့ မျက်နှာကြောင့် ထယ်ရယ့်ကိုဘယ်
လိုနည်းနဲ့မှ ထိခိုက်စေမှာမျိုးတွေ မလုပ်ဘူးလို့ ယုံကြည်မိသည်။ ရှန်အိမ်တော်နား နီးလာလေ ချွမ်ရွေ့ရဲ့ မျက်ခုံးတန်းတွေက စုကျုံ့လာလေပင်။ ကားပြတင်းပေါက်ကိုသာ ပေါက်ထွက်မတတ် စိုက်ကြည့်ပြီး တစ်စုံ တစ်ခုကို အသည်းအသန်တွေးတောနေ သည်။

" ချွမ်း...''

" ဗျာ ''

" စိတ်မပူပါနဲ့ တစ်ခုခုဆို အကို့ကို ချွမ်းက
ကာကွယ်ပေးမှာ မဟုတ်ဘူးလား ''

" အင်း...ကာကွယ်ပေးမှာ ''

" အဲ့ဆို မျက်နှာကြီးတည်မနေပါနဲ့လား ချွမ်းက အဲ့လိုခပ်တည်တည်ကြီးဖြစ်နေတော့ အကိုက အပြစ်မကင်းသလို ခံစားရတယ်...''

ချွမ်ရွေ့ရဲ့ ပုခုံးပေါ်ခေါင်းကို မှီလိုက်တော့ ထယ်ရယ့် နဖူးလေးတွေကို တဖွဖွနမ်းလာသည်။ ချွမ်ရွေ့ရဲ့ ခါးတွေကို လက်နှစ်ဖက်နဲ့
တင်းကြပ်စွာ ပွေ့ဖက်ထားမိတယ်။ သူ့ရဲ့ အမျိုးသားက မိဘရင်ကိုစုံကန်ပြီး သူနဲ့အတူနေပေးခဲ့တာမဟုတ်လား။ ဘာတွေပဲဖြစ်လာပါစေ ထပ်ပြီးချွမ်ရွေ့ရဲ့ လက်ကိုထယ်ရယ့်
အနေနဲ့ လွှတ်ပေးတော့မှာမဟုတ်ဘူး။

~ TRUST ME ~Where stories live. Discover now