trust me ~ 8.

989 103 15
                                    


Uni

" မောင်ပေးတဲ့မွေးနေ့လက်ဆောင်ကိုကြိုက်ရဲ့လား ''

" အောင်မာ မောင်ကငါ့ကိုဘာပေးတာမို့ ဘာကိုကြိုက်ရမှာလဲ မွေးနေ့ရှင်ကိုမပေးဘဲ သူကယူသွားပြီးတော့ ဆောင်းဟန်ဘင်း! "

" အလကားစတာပါ မောင်လက်ဆောင်ပြင်လာပါတယ် ''

" ဘယ်မှာလဲ ပြ ''

ဟန်ဘင်းက ခုံပေါ်မှာတင်ကာလှန်းထားတဲ့ လွယ်အိတ်နှစ်လုံးထဲက သူ့လွယ်အိတ်ကိုသွားယူလိုက်တယ်။ ပြီးနောက်အကျယ်ဆုံးအကန့်မှာ ဟိုရှာဒီရှာလုပ်ပြီး တစ်ခုခုတွေ့သွားတော့ ပြုံးကာထိုပစ္စည်းကိုထုတ်ပြလာတယ်။

" တော်သေးတယ် မိုးရေတွေမစိုကုန်လို့ ''

အနက်ရောင်လေးထောင့်ဘူးရှည်လေးကို လက်ထဲကမ်းပေးလာ​တော့ ယူပြီးတစ်ခါထဲဖွင့်ကြည့်လိုက်တယ်။ အထဲမှာမြင်ရတဲ့အရာကြောင့် ဆောင်းဟန်ဘင်းကိုဇက်ခနဲမော့ကြည့်ကာ မျက်မှောင်တို့အလိုအလျောက်ကြုံ့မိတော့သည်။

" ဒါကဘာလဲ ''

" မောင်လေ ''

" ဘာကိုမောင်လဲ ဆောင်းဟန်ဘင်း ဒီရက်ထဲအရမ်းတွေဆိုးနေပါလား...အင့်ဟယ်
အင့်...အင့် ''

လက်မောင်းကြီးတွေကို တဖြန်းဖြန်းနဲ့မြည်အောင်ကိုရိုက်ပေးလိုက်သည်။ သူ့ရဲ့ မြင်အပ်မမြင်အပ် မျိုးစုံပို့စ်ပေးထားတဲ့ပုံတွေကို ဘူးနဲ့သေချာကိုထည့်ထားတာဖြစ်သည်။ အပေါ်ပိုင်းဗလာနဲ့ အောက်မှာလဲ boxerတစ်ထည်ပဲပါတဲ့ ပုံတွေကနည်းတာမဟုတ် အပုံငါးဆယ်ကျော်လောက်ရှိရော့မည်။

" အာ့... နာတယ်လေဟာအိုရယ် ''

" ဒီထက်​တောင်လုပ်ချင်သေးတာ ဘာလို့အဲ့လောက်တောင်စနောက်ရတာကြိုက်နေတာလဲ ခုနကပဲ နောက်မဆိုးတော့ဘူးဆိုပြီး ခုကျပြောမရဆိုမရဖြစ်လာပြန်ပြီ ''

" မောင့်ကလေးလေးအတွက်သေချာပြင်ဆင်လာတာကို ဘာလို့စနောက်တယ်ထင်ရတာလဲလို့ မောင့်ပုံတွေကိုကြည့်ပြီး ဟာအိုဖြေလျှော့....အား....''

စူးစူးဝါးဝါးအသက်နက်ကြီးက အဆောင်ခန်းထဲပျံ့နှံ့လျက်။ လက်မောင်းကိုကုန်းကိုက်နေတဲ့အားကြောင့် သွားသေးသေးလေးတွေထဲ ဟန်ဘင်းလက်မောင်းသားတွေ ပါသွားပြီလားလို့တောင်ထင်ရတယ်။ သွားသေးပေမယ့်အားမသေးဘူး၊ ကျန်းဟာအိုက လက်တင်ပါတာမဟုတ် ပါးစပ်ပါ ပါတယ်။ အရမ်းဆိုးတာပဲ။

~ TRUST ME ~Tempat cerita menjadi hidup. Temukan sekarang