trust me ~ 22.

1.1K 112 60
                                    

Uni

" လူနာဂင်မ်ထယ်ရယ် ကဘယ်အခန်းမှာလဲ
ခင်ဗျာ...''

ဆံနွယ်ဝါတွေနဲ့ ချောမောလွန်းတဲ့ကောင်လေးရဲ့စကားကြောင့် ကောင်တာမှ nurse မလေးခမျာ ငေးမောနေရင်းမှ ယောင်ယောင်နန နဲ့ပြန်ဖြေရသည်။

" အပေါ်ဆုံးအလွှာက VIPအခန်းနံပါတ်၄ မှာပါရှင်...''

" ကျေးဇူးပါဗျ ''

ထိုကောင်​လေးဓာတ်လှေကားဆီသို့ အပြေးတပိုင်းသွားနေတာကိုကြည့်ပြီး မျောပါနေမိသည်။

" နတ်သားလေးများလားဟယ်...''

" ဟုတ်ပါ့ ချောလိုက်တာရူးနိုင်တယ်...အဲ့ဒီ
လူနာဂင်မ်ထယ်ရယ်ဆီကို လာတဲ့ကောင်​လေးတွေအကုန် သိပ်ချောတာပဲ။ ''

" ခုလက်ရှိ သူ့ကိုစောင့်ပေးနေတဲ့ ကျောင်းသားလေးကလဲ မိမိုက်နေတာနော်
ဟိဟိ ''

" ဘယ်လောက်တောင် စိုးရိမ်နေလဲမသိဘူး
ပြေးတာတန်းနေတာပဲနော် ''

ချွမ်ရွေ့ ဆိုးလ်ကိုရောက်ရောက်ချင်း နားတောင်မနားနိုင်ပဲ အကိုရှိတဲ့ဆေးရုံသို့ အပြေးနှင်လာခဲ့ရသည်။ စိတ်ရဲ့အပူက ဘာကိုမှမမြင်နိုင်အောင် ဖြစ်ရတယ်။ သူဖြစ်စေ
ချင်တဲ့ ပုံစံက ချွမ်ရွေ့အကို့နားမှာ မရှိတော့တဲ့ အချိန်တွင်း အကို့ရဲ့ သူ့အပေါ်ထားတဲ့ အချစ်တွေကို သေချာပေါ်လွင်လာစေချင်ပြီး
အကိုကိုယ်တိုင် အကို့စိတ်ကိုပိုပြီးသိလာစေ
ချင်တာပဲဖြစ်သည်။

ပြီးလျှင် သူ့ရဲ့ရှန်မျိုးရိုးက ရသင့် ရထိုက်တာတွေကို အမြန်ရယူပြီး ရှန်ဟိုင်းကနေအပြီးထွက်ကာ အကို့ဆီသို့ပြန်သွားမည်။ အကိုနဲ့
အတူဆိုးလ်မှာသာ ထာဝရအတူနေသွားမည်
ဆိုပြီး တွေးထားခဲ့တာဖြစ်သည်။ သို့သော် သူဖြစ်စေချင်ခဲ့သလိုနဲ့ တက်တက်စင်အောင်လွဲကာ ပါးနဲ့မားရဲ့စနက်ကြောင့် သူ့အပေါ် အစောထဲက စိတ်နာနေခဲ့တဲ့အကိုက သူ့ကိုယ်သူတောင် အန္တာရယ်ပြုရတဲ့အထိ အကြီး အကျယ်ကို အထင်လွဲခံစားသွားခဲ့ရတာဖြစ်သည်။ သူ့ဘဝမှာ အကို့ကိုချစ်မိပြီဆိုထဲက ဆက်ပြီးအကို့ကို နာကျင်စေချင်တဲ့ စိတ်မျိုးဘယ်တုန်းကမှမရှိခဲ့ပါ။

သူ့အမှားတွေအတွက် လေးနှစ်လုံးရူးမတတ်
ခံစားခဲ့ရပြီးပြီမို့ အကိုနဲ့အတူနေကာ ပျော်ရွှင်
တဲ့ ရိုးရှင်းလွန်းတဲ့ ဘဝလေးကို ရချင်ပြီလေ။
ဒီတစ်ကြိမ်ဆို ရှန်ချွမ်ရွေ့ ဆိုတဲ့ကျွန်တော်က
ဂင်မ်ထယ်ရယ်ဆိုတဲ့ အကို့အနားမှာ တောက်တက်လို ကပ်တွယ်နေတော့မှာ ။ ဘယ်ကိုမှ သွားမှာမဟုတ်တော့ဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့အမှားတွေကို ပြန်ပြင်ဆင်ခွင့်ပေးပါ။

~ TRUST ME ~Where stories live. Discover now