trust me ~ 21.

1.7K 139 48
                                    


Uni

ဒယ်ဂျွန်းကမ်းပေးလာတဲ့ စာအိတ်အညိုလေးတစ်အိတ်ဟာ ဟန်ဘင်းရဲ့ သွေးကြော
မျှင်တွေထိ မငြိမ်မသက်ဖြစ်စေဖို့ လုံလောက်သည်။ ဒယ်ဂျွန်း ရဲ့အမူအရာမပေါ်တဲ့ မျက်
နှာအနေအထားကြောင့် ပိုလိုစိတ်ကျဉ်းကြပ်လာတယ်။ အ​ဖြေစာရွက်ကို မကြည့်မှီ ဘေးမှဟာအို့ရဲ့ မျက်နှာလေးကိုငဲ့ ကြည့်တော့ ဆောင်းဦးရာသီမှာ ပွင့်တဲ့ ပန်းပွင့်လေးလို
နူးညံ့လှပတဲ့ အပြုံးလေးတစ်ပွင့်ကို ဆင်လို့ထားသည်။

ပေါင်ပေါ်တင်ထားတဲ့ ဟန်ဘင်းရဲ့လက်တွေကို ဆုပ်ကိုင်ထားပေးပြီး စိတ်ကိုအေးအေးထားဖို့ရန် တဖွဖွပြောနေလေသည်။ ဟိုကလေးငယ်ကတော့ ဒယ်ဂျွန်းနဲ့ ဆေးရုံကောင်တာနားကခုံမှာ ထိုင်ပြီးကစားလို့ နေတယ်။ ဟန်ဘင်းစိတ်ကို လျှော့ချကာ လက်ထဲက ဆေးစစ်ချက်စာရွက်ထည့်ထားတဲ့
အိတ်လေးအား အရဲစွန့်ကာ ဖောက်ကြည့်လိုက်လေသည်။

ဆောင်းဟန်ဘင်းနှင့် ဆောင်းနူလ်ဘင်း
မျိုးရိုးဗီဇ တူညီမှု ၁၀၀ ရာခိုင်နှုန်းဖြစ်ကြောင်း။

" အား....!! ဟာကွာ...''

" မောင်...!! ''

ဟန်ဘင်းလက်နှစ်ဖက်ကို မျက်နှာထက်အုပ်ကိုင်ကာ ရင်ထုမနာငိုကြွေးမိတယ်။ ငါ့သားကို ငါ့သားလေးအပေါ် ဟန်ဘင်းဘာတွေလုပ်ခဲ့မိတာလဲ။ လေးနှစ်ကျော်လုံး ဟာအို့အပေါ်
နာကျင်စရာတွေ ပဲတစ်ချိန်လုံးပေးခဲ့မိတယ်။
ရက်စက်တဲ့ စကားလုံးတွေကို သုံးပြီးနေ့စဉ်
ရက်ဆက် ငိုရအောင်လုပ်ခဲ့မိတယ်။

ဒီကမ္ဘာမှာ ဟန်ဘင်းလောက် အရှက်မဲ့တဲ့သူမျိုးရှိမှာကို မဟုတ်ဘူး။ ချစ်သူရဲ့ ခန္ဓာကိုယ် ကိုလူမှန်းသူမှန်းမသိ မူးနေတဲ့အချိန်မှာ အရယူခဲ့ပြီး တာဝန်မဲ့ခဲ့တယ်။ တစ်ပါးသူနဲ့ လက်ထပ်ခဲ့ရပေမယ့် သစ္စာတရားကို စောင့်ထိန်းခဲ့တဲ့ သူ့ချစ်သူလေးအပေါ် အထင်တွေလွဲမှားနေခဲ့မိတယ်။ ဒါတောင် ကိုယ့်ကိုကိုယ် မှန်တယ်လို့ထင်ပြီး အတ္တတွေ မာန်မာနတွေနဲ့ သူ့ချစ်သူလေးကို ဒဏ်ရာတွေပေးပြီးသူ့အနားက ဘယ်မှမသွားနိုင်အောင် ချုပ် ထားပစ်တယ်။

သားလေးအပေါ်လဲ ဖခင်တစ်ယောက်တာ
ဝန်မကျေပွန်ခဲ့ဘူး။ ဥပ္ပခါပြုမှုတွေနဲ့ ကလေး
ဘဝလေးကို စိတ်အားငယ်အောင်လုပ်ခဲ့မိတယ်။ အပြစ်တွေများလွန်းလို့ ဟန်ဘင်း
ကိုယ့်ကိုကိုယ် တောင်သတ်ပစ်ချင်​နေပြီ။

~ TRUST ME ~Donde viven las historias. Descúbrelo ahora