trust me ~ 4.

1K 126 14
                                    


Uni

" ကျန်းဟာအို...ကိုယ် မင်းကို
သဘောကျတယ်''

" ဟင်...''

" မဟုတ်ဘူး...ချစ်တယ်..''

ဝိုး.....!!
ဟေး...!!

ကျောင်းကန်တင်းတစ်ခုလုံးမှာရှိတဲ့ အတန်းစုံ အခန်းစုံကကျောင်းသားတွေရဲ့ အားပေးသံတွေ၊ ကျွတ်ကျွတ်ညံလျက်ရှိသည်။

Banana milkဘူးလေးကို လက်ထဲထည့်ပေးကာ ရည်းစားစကားဆိုနေတဲ့ကောင်​လေးနဲ့ ထိုကောင်လေးကို မျက်လုံးလေးတွေဝိုင်းလျက် တအံ့တသြကြည့်နေတဲ့ ကောင်လေးတစ်ယောက်။ လိုက်ဖက်မှုတွေက အကြည့်တောင်မခွာနိုင်အောင်ပဲ။ ဇာတ်လမ်းတွေရဲ့အစဟာ အစဉ်အမြဲလှပနေခဲ့တယ်။

_____________

" ဟန်ဘင်း....ဟန်ဘင်း..ဆောင်းဟန်ဘင်း ''

" ကျစ်...ဘာလဲကွာ...''

အီမင်ယောလ်ရဲ့ ခေါ်သံကိုကြားပေမယ့် စားပွဲပေါ်ကိုသာ ခေါင်းတင်ပြီး ကြိတ်မှိတ်အိပ်နေလိုက်တယ်။ သို့ပေမယ့် သကောင့်သားက မထူးမချင်းကိုခေါ်နေတာကြောင့်
ကျစ်ခနဲစုတ်သပ်ကာ ခေါင်းထောင်ကြည့်တော့ ဟီးခနဲရီပြကာ လေစပေါတော့တယ်။

" ဒီနေ့ကျောင်းကို ကျောင်းသားသစ်ပြောင်းလာမယ်တဲ့ ''

" အဲ့တာဘာဖြစ်လဲ?''

" သူကတရုတ်လူမျိုးတဲ့ ''

" အဲ့တာ ငါကဘာလုပ်ရမှာလဲလို့ !!''

" မင်းကလဲကွာ....စကားကိုအကောင်းပြော
မရဘူး ''

" ငါအိပ်ရေးမဝသေးဘူးကွ...''

" အိပ်ရေးမဝရအောင် ညကမင်းဘာလုပ်နေလို့လဲ ''

" ဂိမ်းဆော့တာနောက်ကျသွားလို့ ''

" အတော်ကြိုးစားတာပဲ ကြီးပွားအုံးမယ့် ကောင် ''

" မကြိုးစားလဲ ကြီးပွားတယ် ငါ့အဖေက
CEO သဘောပေါက်! !''

" အဲ့တာတွေခဏထားစမ်းပါကွာ..ငါ့စကားဆက်ပါရစေဦး...''

ဟန်ဘင်းက မျက်ခုံးတစ်ဖက်ကိုပင့်ပြကာ စကားကိုဆက်ပြောစေသည်။

" အဲ့ဒီကောင်လေးက တရုတ်မှာရှိတဲ့ တော်ဝင်မျိုးနွယ်တွေထဲကတဲ့...''

~ TRUST ME ~Where stories live. Discover now