trust me ~ 20.

1.7K 132 61
                                    

Uni

" ဟန်ဘင်း....ဟင်း....''

" ဟာ့...မောင်လို့ခေါ်...''

" အင်း..မောင်...''

အနောက်ဘက်ဆီမှ ထွေးပွေ့ကာ ဆက်ယှက်မှုတွေကြား ဟာအိုရစ်မူးနေမိသည်။ ခါးသွယ်သွယ်တစ်လျှောက် ပွတ်သက်နေတဲ့ အပြင် ဟာအို့ရဲ့ခါးစပ်နားက ချုပ်ရိုးရာလေး
အားလက်လေးနဲ့ မထိတထိ ဖိကိုင်နေတာ​ကြောင့် အောင့်သက်သက် ခံစားနေရတယ်။

ခြေတံသွယ်လေးက ပေါင်သားအိအိတွေနဲ့
လှပလွန်းတယ်။ စိတ်ရှိတိုင်းပစ်ဝင်နေ မိတာကို လိုလိုလားလား လက်ခံပေး​နေတဲ့ ဟာအို့
ကြောင့် ဟန်ဘင်းစိတ်တွေ ထိန်းချုပ်ဖို့ ခက်
ခဲလွန်းတယ်။ ငိုသံစွက်လျက် ညည်းညူရင်း
ရမက်အဟုန်က ပေးသူယူသူ မျှတလွန်းတော့ အချိန်တွေ ကုန်မှန်းမသိကုန်နေတာကို
တောင် နှစ်ဦးသား လျစ်လျူရှုထားမိတယ်။

ဟန်ဘင်းရဲ့ ပါးပြင်ပေါ်က တိတ်တဆိတ် ကျနေတဲ့မျက်ရည်တွေကို နောက်ကျောပေးထားရတဲ့ ဟာအိုက မမြင်နိုင်ဘူး။ တဖြေး
ဖြေးချင်းပေါ်လာနေတဲ့ ဟန်ဘင်းရဲ့ မှတ်
ညဏ်ထဲက ဟာအိုနဲ့နှီးနှောနေတဲ့သူကို သေ
ချာသဲကွဲစွာ မမြင်ရသေးပေမယ့် ရှန်ချွမ်ရွေ့
ဟုတ်မနေတာကတော့ သေချာလေသည်။

ရှန်ချွမ်ရွေ့ မှမဟုတ်ရင် ဟာအိုက ဘယ်သူနဲ့မှ ပတ်သက်မှုမရှိခဲ့ဖူးတာ အသေအချာပဲမို့
ဟန်ဘင်းရဲ့ စိတ်တွေလှုပ်ရှားလာရတယ်။
ထပ်ပြီး တစ်စ တစ်စတွေးလေ ပိုပြီး ပေါ်လာတဲ့ ထင်ယောင်ထင်မှား ပုံရိပ်တွေထဲမှာ  အောက်ကနေ တိုးငြင်းတဲ့ အသံလေးနဲ့ သူ့ချစ်သူခေါ်နေတဲ့ နာမ်စားဟာ မောင်တဲ့။
တာကျိုးသလို စီးဆင်းနေတဲ့ မျက်ရည်တွေထဲ တောင်းပန်တိုးလျှိုးမှုတွေ ပါဝင်နေတယ်။

ပုံရိပ်ယောင် မဟုတ်ပဲ တကယ်ဖြစ်ခဲ့ဖူးတဲ့ အရာကို ထပ်ပြီးဖန်တီးမယ့်အခါ ပေါ်လာတဲ့
ဖြစ်ရပ်မှန်တွေပဲ ဖြစ်သည်။ ဒီအတွေးဟာ
နောက်ဆုံးသော ရလဒ်ပေလား မသိနိုင်ပေ
မယ့် သေချာတဲ့ အရာတစ်ခုက ဟန်ဘင်း
သူ့ချစ်သူလေးအား ဘယ်လိုဘယ်ပုံစံနဲ့ တောင်းပန်ရမလဲ ဆိုတာကိုသာ ခက်ခက်ခဲခဲ
စဥ်းစား​နေမိတယ်။

သူတို့ဘဝတွေ အရင်လိုနေ့စဥ်ရက်စက် ငိုကြွေးမနေရတော့အောင် သူ့ရဲ့မာန်မနနဲ့ အတ္တတွေကို တစ်ထစ် လျှော့ချရတော့မည်။ အရာရာကို သူသာလျှင် မှန်တယ်လို့တွေးကာ မိုက်ရူးရဲဆန်နေခဲ့ခြင်းက တကယ်တမ်းသူ့ကို နောင်တတွေ ဖန်တီးနေစေခြင်းသာ ဖြစ်တယ်။

~ TRUST ME ~Donde viven las historias. Descúbrelo ahora