trust me ~ 24.

1.2K 101 52
                                    


Uni

ငါးလခန့်ကြာသော် ~~

-
-
-

အဖြူရောင်သတို့သား ဝတ်စုံလေးနဲ့ သိပ်ကို
လိုက်ဖက်နေတဲ့ ကောင်ငယ်လေးအား ကြည့်ရင်း ဟာအိုပီတိဖြစ်မိတယ်။ စိတ်လှုပ်ရှားမှု
ကြောင့်ထင် လက်ဖျားခြေဖျားတွေပါ အေးစက်နေရှာတယ်။

" ဂင်မ်ထယ်ရယ်အရမ်းစိတ်လှုပ်ရှားနေမှာပေါ့...''

" ဟုတ်....ဟုတ်တယ် အခုလေ ငါ့ရင်ထဲ တဒုန်းဒုန်းနဲ့ ခုန်နေတာ နေလို့မတတ်ဘူး ''

" စိတ်ကိုလျော့ထားပါ ဂင်မ်ထယ်ရယ်ရဲ့
ကြည့်ပါအုံး...ချွေးစတွေတောင် ထွက်နေပြီ ''

Make upဆရာဆီမှ တစ်ရှူးကို တောင်းလိုက်ကာ ထယ်ရယ့်နဖူးစပ်နားက ချွေးစတွေကိုသုပ်ပေးတော့ မှန်ထဲမှနေ၍ ဟာအို့အား
သူ့မူပိုင် ပါးချိုင့်တွေနဲ့ ပြုံးပြလေသည်။
Make up ဆရာက ပြင်ဆင်လို့ပြီး၍ ပစ္စည်းတွေသိမ်းပြီး ထွက်သွားတော့ ဂင်မ်ထယ်ရယ် ဆီက စကားသံထွက်လာတယ်။

" ကျန်းဟောင့်... ''

" ဟင်..ပြောလေ ဂင်မ်ထယ်ရယ် ''

" ငါ ဒီလိုနေ့ကို အကြာကြီးစောင့်နေခဲ့ရတာလို့ပြောရင် မင်းငါ့ကိုအထင်သေးမှာလား ''

ဟာအို သတို့သား အလျောင်းအလျာ လေးရဲ့
ဘေးသို့ ကပ်ထိုင်လိုက်သည်။ ထယ်ရယ့်ရဲ့
လက်ဖဝါးတွေကို ဆုပ်ကိုင်ကာ ပြုံးရင်း...

" ငါကဂင်မ်ထယ်ရယ့်ကို အထင်ကြီးနေတာ ရှန်ချွမ်ရွေ့ လိုလူကို ခုလောက်ထိ သည်းခံပြီး ချစ်ပေးနိုင်လို့...''

" ငါမင်းကို ပြောဖူးတယ်မလား ကျန်းဟောင့်
မိုက်တွင်းဆိုတဲ့ ချောက်နက်ထဲမှာ ရှန်ချွမ်ရွေ့
ရှိမယ်အထင်နဲ့ ငါအကြိမ်ကြိမ် ခုန်ချဖို့ ကြိုးစားနေခဲ့တယ်ဆိုတာ...တကယ်တမ်း ငါ့ရဲ့လူဆိုးကောင်လေးက ကောင်းမွန်တဲ့ တစ်နေရာကနေ ငါ့ကိုစောင့်နေပေးတာ...ငါကသာ
သူ့ဆီကနေ ရှောင်ပြေးနေခဲ့မိတာ...''

မျက်ရည်ကြည်တွေက ရင်တွင်းခံစားချက်တွေ စုပြုံနေတဲ့အခါ တသွင်သွင် စီးကျလာတယ်။ အများကြီး နာကျင်ခဲ့ရလို့လား မသိ
တွေးလိုက်တိုင်း ထယ်ရယ့်မှာ ငိုချင်နေတော့တာပါပဲ။ သူချစ်တဲ့သူရဲ့ အပိုင်ဖြစ်ရဖို့ နာရီ
အပိုင်းအခြား တစ်ခုလောက်သာ လိုတော့တယ်။ တစ်ဖက်ခန်းမှာ ပြင်ဆင်နေတဲ့ သူရော ခုချိန် စိတ်လှုပ်ရှားနေမလား။

~ TRUST ME ~Where stories live. Discover now